M341E578KC341MT341

ဆန္ဒအားနည်း၊ ခွန်အားချည့်နဲ့

ခရစ်တော်ကို တွေ့ကြုံခံစားခြင်း - ကိုယ်တော့်ကို ကိုးစားခြင်း

21

Verse 1

ဆန္ဒအားနည်း၊ ခွန်အားချည့်နဲ့

မျှော်လင့်ခြင်းများ ကုန်ခန်းလုနီး

ကိုယ်တော်လုပ်ဆောင်၊ ကိုးစားပါပြီ

နူးညံ့ကိုင်စွဲ၊ ဦးဆောင်မူပြီ။

Verse 2

ကောင်းဆုံးကြိုးစား၊ သို့သော်ကျဆင်း

ယခင်နည်းတူ၊ ကျဆင်းမှားပြန်

ခန္တီတော်ကို ကိုးစားပါပြီ

နှုတ်တော်ထဲသို့ စောင့်ထိန်းမူပါ။

Verse 3

စိတ်နှလုံးသည် ထောင်လွှားစဉ်ခါ

ကျဆင်းခြင်းသို့ လွန်စွာနီးကပ်

လုပ်ဆောင်မဝံ့၊ စဉ်းစားမဝံ့

ကြီးငယ်ရာ၌ ကိုယ်တော်လိုအပ်။

Verse 4

ကယ်တင်ရှင်သာ ခွန်အားတန်ခိုး

မျက်နှာတော်ကို ကျွန်ုပ်ရှာဖွေ

အားနည်းသူထဲ အားနည်းဆုံးဖြစ်

ကျွန်ုပ်ချည်းနှီး၊ ကျေးဇူးတော်သာ။

Hymn details

စာသား: Watchman Nee

သံစဉ်: Henry Percy Smith

Meter: 8.8.8.8.

Key: Eb Major

Time: 3/4

Audio