M330E564KC330MT330

သခင်ဘုရား၌ တည်နေခြင်း

ခရစ်တော်ကို တွေ့ကြုံခံစားခြင်း - ကိုယ်တော်၌တည်နေခြင်း

21

Verse 1

သခင်ဘုရား၌ တည်နေခြင်း

လျှို့ဝှက်ချက် ကျွန်ုပ်သင်ယူ

ကြည်လင်သက်စမ်းရေမြည်းစမ်းရ

နှုတ်ကပတ်တော်ကိုသောက်သုံး

သွေးတော်အောက်၌တည်နေခြင်း၏

ခွန်အားနှင့် ချိုမြိန်ခြင်းတွေ့

ယေရှု၌ ကျွန်ုပ်ပျောက်ဆုံးပြီ

ဘုရားထဲ နစ်မြှုပ်ဝင်ရောက်။

chorus

သခင်ဘုရား၌တည်နေ

နှုတ်တော်၌ ယုံကြည်ကိုးစား

မေတ္တာတော်ရင်ခွင်၌ ကျွန်ုပ်ပုန်းခိုနေ

သခင်ဘုရား၌တည်နေ

နှုတ်တော်၌ ယုံကြည်ကိုးစား

မေတ္တာတော်ရင်ခွင်၌ ကျွန်ုပ်ပုန်းခိုနေ။

Verse 2

ယေရှုနှင့်အတူသေခံပြီ

ကျွန်ုပ်၌ ကိုယ်တော်ကိန်းဝပ်

ရုန်းကန်ခြင်းများ ကျွန်ုပ်ရပ်တန့်

ကျွန်ုပ်မရှင်၊ ကိုယ်တော်ရှင်

ကိုယ်တော်ကိုသာ ကျွန်ုပ်တောင့်တ

ဝိညာဉ်တော်သည် အုပ်စိုးနေ

ချိန်တိုင်းဖိုးထိုက်သွေးတော်စောင့်ထိန်း

ဆေးကြောပေး၊ ကျွန်ုပ်လွတ်မြောက်။

chorus

သခင်ဘုရား၌ တည်နေခြင်း

လျှို့ဝှက်ချက် ကျွန်ုပ်သင်ယူ

ကြည်လင်သက်စမ်းရေမြည်းစမ်းရ

နှုတ်ကပတ်တော်ကိုသောက်သုံး

သွေးတော်အောက်၌တည်နေခြင်း၏

ခွန်အားနှင့် ချိုမြိန်ခြင်းတွေ့

ယေရှု၌ ကျွန်ုပ်ပျောက်ဆုံးပြီ

ဘုရားထဲ နစ်မြှုပ်ဝင်ရောက်။

Verse 3

ဖျားနာခြင်းများအားလုံးဆောင်လာ

ကိုယ်တော်သည် ဖယ်ရှားပေးပြီ

စိုးရိမ်ပူပန်မှုများအားလုံး

နေ့စဉ်လိုအပ်ချက်အားလုံး

ယေရှုထံမှ ခွန်အားရရှိ

သက်တော်ဖြင့် သက်ရှင်လှုပ်ရှား

ကိုယ်တော့်စိတ်တော် ကျွန်ုပ်အားပေး

ယုံကြည်ခြင်း၊ အသက်၊ မေတ္တာ။

chorus

သခင်ဘုရား၌ တည်နေခြင်း

လျှို့ဝှက်ချက် ကျွန်ုပ်သင်ယူ

ကြည်လင်သက်စမ်းရေမြည်းစမ်းရ

နှုတ်ကပတ်တော်ကိုသောက်သုံး

သွေးတော်အောက်၌တည်နေခြင်း၏

ခွန်အားနှင့် ချိုမြိန်ခြင်းတွေ့

ယေရှု၌ ကျွန်ုပ်ပျောက်ဆုံးပြီ

ဘုရားထဲ နစ်မြှုပ်ဝင်ရောက်။

Verse 4

စကားတွက် ပညာတော်ယူဆောင်

အလုပ်တွက် ဝိညာဉ်တော်ရှိ

လမ်းအတွက် မျက်မှောက်တော်ယူဆောင်

အချိန်တိုင်း စောင့်ထိန်းလမ်းပြ

စိတ်နှလုံး၏ဝေစုကိုယ်တော်

ဝမ်းမြောက်ခြင်းပေါများကြွယ်ဝ

ကယ်တင်၊ စင်ကြယ်၊ ရောဂါငြိမ်းရှင်

ဘုန်းကြီးသော သခင်ဘုရင်။

chorus

သခင်ဘုရား၌ တည်နေခြင်း

လျှို့ဝှက်ချက် ကျွန်ုပ်သင်ယူ

ကြည်လင်သက်စမ်းရေမြည်းစမ်းရ

နှုတ်ကပတ်တော်ကိုသောက်သုံး

သွေးတော်အောက်၌တည်နေခြင်း၏

ခွန်အားနှင့် ချိုမြိန်ခြင်းတွေ့

ယေရှု၌ ကျွန်ုပ်ပျောက်ဆုံးပြီ

ဘုရားထဲ နစ်မြှုပ်ဝင်ရောက်။

Hymn details

စာသား: Albert Benjamin Simpson

သံစဉ်: James H. Burke. Arranged by J. B. M.

Meter: 8.7.8.7.D. with chorus.

Key: D Major

Time: 4/4

Audio