နက်နဲမေတ္တာတော်၌ တည်နေရမည်
ခရစ်တော်ကို တွေ့ကြုံခံစားခြင်း - ကိုယ်တော်၌တည်နေခြင်း
21
Verse 1
နက်နဲမေတ္တာတော်၌ တည်နေရမည်
ယေရှုသည် ဘုရားရှင်၏သိုးသငယ်
သစ်ပင်၌တည်သော သက်ရှင်ခက်ကဲ့သို့
ကျွန်ုပ်၏သခင်ခရစ်တော်၌ တည်။
Verse 2
ကျွန်ုပ်၏ကယ်တင်ရှင်ဘုရား၌တည်
ကျွန်ုပ်၌ မေတ္တာတော်ကျယ်ဝန်းစီးဆင်း
ကျွန်ုပ်၌ ဝမ်းမြောက်ခြင်းဖြင့် ဖုံးလွှမ်းမည်
ကျွန်ုပ်အသက်တာ ကိုယ်တော်နှင့်ပြည့်လျှံ။
Verse 3
ကိုယ်တော်၌ တည်လျှင်၊ သံသယစဉ်ကင်း
အပြစ်နှင့်အတ္တကင်း၊ အသက်တော်ထင်
ကိုယ်တော်နှင့်ဆက်သွယ် နက်နဲစွာမိတ်ဖွဲ့
ကိုယ်တော်၏ထိန်းချုပ်ခြင်းကို သိနားလည်။
Verse 4
ကိုယ်တော်၌တည်ကြောင်း ကျွန်ုပ်ပင်သိသည်
ကိုယ်တော်လျှို့ဝှက်ကြံစည်ခြင်းများသိရ
ဝမ်းမြောက်ငြိမ်သက်၍ နှုတ်ကပတ်နှင့်ပြည့်
တန်ခိုး၊ အသီးစုံနှင့်ကိုယ်တော်မှုဆောင်။
Hymn details
Key: D Major
Audio