M331E565KC331MT331

အတောင်တော်၌ လုံခြုံစွာတည်နေရပြီ

ခရစ်တော်ကို တွေ့ကြုံခံစားခြင်း - ကိုယ်တော်၌တည်နေခြင်း

21

Verse 1

အတောင်တော်၌ လုံခြုံစွာတည်နေရပြီ

မှောင်မိုက်ညနက်နဲ၊ လေပြင်းတိုက်ခတ်လည်း

ကိုယ်တော်၌ကိုးစား၊ ကိုယ်တော်စောင့်ထိန်းမူ၏

ရွေးနုတ်ခံရပြီ၊ ဘုရားသားဖြစ်ပြီ။

chorus

အတောင်တော်၌၊ အတောင်တော်၌

မေတ္တာတော်မည်သူပြတ်နိုင်

အတောင်တော်၌ ကျွန်ုပ်စိတ်ခိုလှုံ

ထာဝရတည် လုံခြုံပြီ။

Verse 2

အတောင်တော်၌ ဝမ်းနည်းခြင်းအတွက်ခိုလှုံ

နားခိုခြင်းကို စိတ်နှလုံးတောင့်တလှ

ရောဂါငြိမ်းခြင်းတွက် လိမ်းဆေးမရှိစဉ်ခါ

နှစ်သိမ့်ခြင်းတွေ့ရှိ၊ ကောင်းချီးခံရပြီ။

chorus

အတောင်တော်၌၊ အတောင်တော်၌

မေတ္တာတော်မည်သူပြတ်နိုင်

အတောင်တော်၌ ကျွန်ုပ်စိတ်ခိုလှုံ

ထာဝရတည် လုံခြုံပြီ။

Verse 3

အတောင်တော်၌ အိုမည်မျှဝမ်းမြောက်ခြင်းဖြစ်

အသက်တာဒုက္ခကွယ်ပျောက်တိုင်ပုန်းခို

ခိုလှုံ၊ ကွယ်ကာရာ၊ ဘေးအန္တရာယ်မထိနိုင်

ယေရှု၌ နားခို၊ ထာဝရလုံခြုံ။

chorus

အတောင်တော်၌၊ အတောင်တော်၌

မေတ္တာတော်မည်သူပြတ်နိုင်

အတောင်တော်၌ ကျွန်ုပ်စိတ်ခိုလှုံ

ထာဝရတည် လုံခြုံပြီ။

Hymn details

စာသား: William Orcutt Cushing

သံစဉ်: Ira David Sankey

Meter: 11.10.11.10. with chorus.

Key: Db Major

Time: 6/4

Audio