ကိုယ်တော်သည် စပျစ်နွယ်ပင်ဖြစ်
ခရစ်တော်ကို တွေ့ကြုံခံစားခြင်း - ကိုယ်တော်၌တည်နေခြင်း
Verse 1
ကိုယ်တော်သည် စပျစ်နွယ်ပင်ဖြစ်
ကျွန်ုပ်သည် အကိုင်းအခက်
အဘယ်ကြောင့်ဖြစ် ကျွန်ုပ်မသိ
သို့သော်ကျွန်ုပ်သည် မြုံနေ။
Verse 2
အသီးသီးခြင်း နက်နဲတောင့်တ
အသက်တော် သာ၍ထင်ရှား
ပလ္လင်တော်သို့ ဘုန်းတော်ဆောင်ယူ
အလိုတော် ထင်ရှားမူမည်။
Verse 3
"ငါ၌တည်လော့"၊ မိန့်တော်မူသံ
နားလည်မှုလွှဲ၊ မည်သို့နည်း
"တည်ခြင်းရှိရန်" ရှာဖွေလေလေ
ကိုယ်တော်၌မရှိကြောင်းသိ။
Verse 4
တည်ခြင်းမရှိကြောင်းမည်သို့သိ
ဆန္ဒရှိစွာဆုတောင်းလည်း
ထံတော်မှ ဝေးကွာခြင်းခံစား
ကျွန်ုပ်သက်တာမြုံလျက်ရှိ။
Verse 5
စပျစ်နွယ်ပင်ကိုယ်တော်မိန့်ဆို
အကိုင်းအခက်သည် ကျွန်ုပ်
ကယ်တင်ရှင်ကို ယူဆောင်သောခါ
ကျွန်ုပ်သည် အသီးသီးမည်။
Verse 6
ယခုကျွန်ုပ် ကိုယ်တော်၌ရှိ
ကြွလာဖို့ ရှာရန်မလို
ကိုယ်တော်၌ ပေါင်းစည်းဆက်နွယ်ပြီ
အရိုး၊ အသား၊ တစ်ခုတည်း။
Verse 7
လျှို့ဝှက်နေရာ "ဝင်ရန်မလို"
"ထိုနေရာ၌" ရှိနေပြီ
ကိုယ်တော်ထံမှ ထွက်ခွာမသွား
ထွက်သွားသော်၊ မည်သို့ပြန်ဝင်။
Verse 8
ကိုယ်တော်၌ ကျွန်ုပ်ရှိနေပြီ
အံ့ဖွယ်နေရာသို့ ရောက်ရှိ
ဆုတောင်း၊ ရုန်းကန်ခြင်းမလိုတော့
ဘုရားကိုယ်တိုင် အမှုပြု။
Verse 9
အထဲ၌ရှိလျက် တောင်းနေသော်
ပညာမဲ့သူ ဖြစ်ပေမည်
ယခုချီးမွမ်းခြင်း၊ ဝမ်းမြောက်ခြင်း
နှုတ်ကပတ်တော်၌ ကိန်းဝပ်။
Verse 10
ကိုယ်တော်၌ လုံးလုံးနားခိုပြီ
ကျွန်ုပ်ရွှင်လန်းဝမ်းမြောက်ပြီ
ကိုယ်တော်သည် အသက်၊ တန်ခိုးတော်
ကျွန်ုပ်တွက် အရာခပ်သိမ်း။
Hymn details
စာသား: Watchman Nee
သံစဉ်: Anon.
Meter: 8.7.8.7.
Key: D Minor
Time: 2/4
Audio