မျက်မှောက်တော်သို့ လန်းဆန်းလာပြီ
ခရစ်တော်ကို တွေ့ကြုံခံစားခြင်း - ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့ခြင်း
Verse 1
မျက်မှောက်တော်သို့ လန်းဆန်းလာပြီ
မှောင်ညမှ နံနက်ခင်းသို့ ရောက်လာ
ကျွန်ုပ်ပေါ် ထွန်းလင်း၊ မျက်နှာတော်မြင်ရ
အတွင်း၌ အာရုံတက်လာ
ကိုယ်တော်သည် စကားပြော၊ ဖွင့်ပြပြီ
ကိုယ်တော်ကြွယ်ဝရာ ကျွန်ုပ်တွက်
ကိုယ်တော်ကို နှစ်သက်ချိုမြိန်ဆက်ဆံမည်
ဆာငတ်မှုများပြယ်ပျောက်သွား။
Verse 2
ဝိညာဉ်တော်သည် နှုတ်တော်ဖြင့်ပြော
ချီးမွမ်းခြင်းပဲ့တင်သံထပ်သည့်တိုင်
ကျေးဇူးတော်၊ တန်ခိုး၊ အသက်ရေသောက်ရ
ကျွန်ုပ်စိတ်တွင်းသက်စမ်းရေ
ကိုယ်တော်သည် စကားပြော၊ ဖွင့်ပြပြီ
ကိုယ်တော်ကြွယ်ဝရာ ကျွန်ုပ်တွက်
ကိုယ်တော်ကို ကျွန်ုပ်သောက်သုံးမည်အစဉ်
ဆာငတ်မှုများပြယ်ပျောက်သွား။
Verse 3
ကျွန်ုပ်ကို ကြင်နာစွာဆက်ဆံ
မျက်မှောက်တော်၌ ဝမ်းမြောက်စွာတည်နေ
ကိုယ်တော်၏ ဖိုးထိုက် အနှစ်သာရဖြင့်
မစပေးစိတ်တွင်းပြည့်ဝ
ကိုယ်တော်သည် စကားပြော၊ ဖွင့်ပြပြီ
ကိုယ်တော်ကြွယ်ဝရာ ကျွန်ုပ်တွက်
ကိုယ်တော်ကို ကျွန်ုပ်အစဉ်ဆက်ဆံမည်
ပြဿနာများပြယ်ပျောက်သွား။
Hymn details
စာသား: Witness Lee
သံစဉ်: Mrs. Paul Friedmann
Meter: 8.8.8.8. with chorus.
Key: Ab Major
Time: 6/8
Audio