မျက်မှောက်တော်လျှို့ဝှက်နေရာ၌
ခရစ်တော်ကို တွေ့ကြုံခံစားခြင်း - ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့ခြင်း
Verse 1
မျက်မှောက်တော်လျှို့ဝှက်နေရာ၌
ကျွန်ုပ်စိတ်ပုန်းခိုကျေနပ်
မည်မျှဖိုးထိုက်သင်ခန်းစာများ
ယေရှုခြေတော်ရင်းသင်ယူ
မြေကြီးအရာ ဒုက္ခမဖြစ်
ဘေးဒုက္ခ မဖိစီးနိုင်
စာတန်စုံစမ်းသွေးဆောင်လာသော်
လျှို့ဝှက်နေရာ၌ပုန်းခို။
Verse 2
ကျွန်ုပ်အားနည်းဆာငတ်စဉ်ခါ
အတောင်တော်အရိပ်ခိုလှုံ
မည်မျှအေးမြ၊ သာယာလှပ
လန်းဆန်းကြည်လင် သက်စမ်းရေ
ကျွန်ုပ်ဘေးနား ကယ်တင်ရှင်နား
ကိုယ်တော်နှင့်ချိုမြိန်ပေါင်းစည်း
ကိုယ်တော်နှင့်တွေ့ဆုံသောအခါ
မိန့်ဆိုရာ မည်သို့ပြောနိုင်။
Verse 3
သံသယ၊ ဝမ်းနည်း၊ စိုးရိမ်ခြင်း
ဤရာသာကျွန်ုပ်ပြောနိုင်
ကိုယ်တော်ရှင်သည် သည်းခံနားထောင်
စိတ်ဓာတ်ကျရာ အားပေးမူ
အပြစ်များကို ပြစ်မတင်သော်
ကိုယ်တော်မိတ်ဆွေစစ်မဟုတ်
အပြစ်များကို ကိုယ်တော်မြင်သော်
ကိုယ်တော်သည် ပြစ်မတင်လော။
Verse 4
သခင်၏လျှို့ဝှက်ချိုမြိန်ခြင်း
သင်သိရှိလိုပါသလော
အရိပ်တော်၌ ပုန်းခိုပါလေ
ဤရာသည်သာ သင့်ဆုလဒ်
ဝမ်းမြောက်ဖွယ်စည်းဝေးနေရာသို့
သင်သွားရောက်သောအခါတိုင်း
ဝိညာဉ်တော်ဖြင့် သင့်မျက်နှာပေါ်
သခင်၏ သဏ္ဌာန်တော်ဆောင်။
Hymn details
စာသား: Ellen Lakshmi Goreh
သံစဉ်: George Coles Stebbins
Meter: 8.7.8.7.D. with chorus.
Key: G Major
Time: 2/4
Audio