M325E556KC325MT325

ချိုသာလှနာမ သွန်းလောင်းနံ့သာဆီ

ခရစ်တော်ကို တွေ့ကြုံခံစားခြင်း - ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့ခြင်း

21

Verse 1

ချိုသာလှနာမ သွန်းလောင်းနံ့သာဆီ

စပျစ်ရည်ထက်ချိုမေတ္တာ သွေးဆောင်ပါ

သိုးစုနောက်တော်သို့ ကျွန်ုပ်တို့လိုက်လျှင်

ကိုယ်တော်၏မေတ္တာ၌ မိတ်ဖွဲ့ရမည်။

Verse 2

ကိုယ်တော်သည် ငါချစ်ရာသခင်ဖြစ်ရာ

သွေးဆောင်ပါ၊ နောက်တော်သို့ ပြေးလိုက်ပါမည်

မုရန်နံ့သာကိုယ်တော်ကို စိတ်၌ထား

လှပဟင်္နာခက်ကိုယ်တော်ကို ဝတ်ဆင်။

Verse 3

မေတ္တာရေ၌ချိုး၊ ဝပြောခြင်းမြည်းစမ်း

ချိုသာရင်ခွင်တော်၌ လဲလျောင်းဝမ်းမြောက်

မေတ္တာအလံဖြင့် မေတ္တာတော်ပြပြီ

စိတ်နှလုံးနူးညံ့၊ ငြိမ်သက်၊ ဝမ်းမြောက်ရ။

Verse 4

ငါချစ်ရာသခင်ကို ငါပိုင်ဆိုင်၏

ကျွန်ုပ်တောနှင်းပန်း၊ ကိုယ်တော်သည် သိုးထိန်း

မိုးသောက်လာ၊ မှောင်ရိပ်လွင့်ပြေးသွားအဝေး

ကိုယ်တော်ကို ဒရယ်ကဲ့သို့ တောင်ပေါ်မြင်။

Verse 5

မုရန်နံ့သာသည် ကိုယ်တော်သေခံခြင်း

လော်ဘန်နံ့သာသည် ထမြောက်ခြင်းအုပ်စိုး

မြောက်လေနိုးထ၍၊ တောင်လေတိုက်ခတ်လာ

ငါ့စိတ်နှလုံး ကိုယ်တော်နှစ်သက်ဥယျာဉ်။

Verse 6

ညစ်ညမ်းကင်းချိုးငှက် ကျွန်ုပ်ဖြစ်ပါမည်

မျက်မှောက်တော်၌ ဖြူစင်တောနှင်းပင်သွင်

ကျွန်ုပ်တွက် ကိုယ်တော်၊ ကိုယ်တော်တွက် ကျွန်ုပ်

ကိုယ်တော်သည် သီချင်းတကာ့သီချင်းဖြစ်။

Verse 7

လကဲ့သို့ ကိုယ်တော်၏သဏ္ဌာန်ထွန်းလင်း

နေကဲ့သို့ ကိုယ်တော်၌ ကြီးထွားစုံလင်

ကျွန်ုပ်ပြုသမျှ ကိုယ်တော်နှစ်သက်ရာ

ကျွန်ုပ်ပြုသမျှ ကိုယ်တော်သက်ထင်ရှား။

Verse 8

ကျွန်ုပ်အသက်တာ ကိုယ်တော်သဏ္ဌာန်မှန်

မေတ္တာ၌စုပေါင်း သက်ရှင်သန်မာကြောင်း

မည်သူမျှဖျက်ဆီးမရွေ့ပယ်နိုင်ပြီ

နံ့သာမွှေးကြိုင်တောင်ပေါ် ကိုယ်တော်ကြွတိုင်။

Hymn details

စာသား: Witness Lee

သံစဉ်: Henry James Ernest Holmes

Meter: 10.10.10.10.

Key: C Major

Time: 6/8

Audio