M322E552KC322MT322

ခရစ်တော်သည် ဘုန်းတော်၌ရှိ

ခရစ်တော်ကို တွေ့ကြုံခံစားခြင်း - ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့ခြင်း

21

Verse 1

ခရစ်တော်သည် ဘုန်းတော်၌ရှိ

စိတ်နှလုံး ကိုယ်တော်ရယူ

မှောင်မိုက်ကင်းစေ ကြယ်မျှမဟုတ်

နေမင်းထက် သာလွန်ထွန်းလင်း

မှောင်မိုက်နှင့် အရိပ်များကွယ်ပျောက်

တောင်းဆိုရန် ခြားမရှိပြီ

ဝမ်းနည်းခြင်း ဖယ်ရှားပေးအဝေး

ကိုယ်တော်သည် ကြွလာခဲ့ပြီ။

Verse 2

အခြားသူများ နေရောင်ခြည်အောက်

ခရီးသွား မောပန်းနေကြ

ကောင်းကင်အလင်း ကျွန်ုပ်မြင်ပြီ

နေမင်းထက် သာလွန်ထွန်းလင်း

မိုးတိမ်နှင့် မှိန်ဖျော့ခြင်းမရှိ

အလင်း၌ မျက်နှာတော်မြင်

မေတ္တာတော် ရေတွက်မရနိုင်

ကျေးဇူးတော် မည်မျှကြွယ်ဝ။

Verse 3

ကိုယ်တော့်ဘုန်းတော် မည်မျှအံ့ဖွယ်

မေတ္တာတော် နက်နဲအံ့ဖွယ်

ကိုယ်တော်မည်သို့ အောင်မြင်ထိန်းသိမ်း

ထက်ရပ်၌ ကိုယ်တော်ရပ်နေ

ကန့်လန့်ကာ ကွဲအက်ပွင့်လင်းပြီ

အတွင်း၌ ကိုယ်တော်ကိန်းဝပ်

မျက်နှာတော် ထာဝစဉ်ငေးကြည့်

နှုတ်တော်ကြား မြွက်ဆိုမနိုင်။

Verse 4

ယေရှုရှင်၏ မျက်နှာတော်မြင်

ခြားအရာ မပြောပါနှင့်

ယေရှုရှင်၏ အသံတော်ကြား

စိတ်နှလုံး အလွန်ကျေနပ်

ဘုန်းတော်၏ ရောင်ခြည်တော်အောက်၌

ကောင်းချီးဖြစ် မျက်နှာတော်မြင်

ဘုန်းတော်သည် ထာဝရတည်မြဲ

ထိုဘုန်းတော်၊ ကျွန်ုပ်၏အိမ်။

Hymn details

စာသား: Frances Bevan

သံစဉ်: J. D. Sankey

Meter: 8.7.8.7.D

Key: F Major

Time: 3/4

Audio