ယေရှုသည် ကောင်းဆုံးမိတ်ဆွေတည်း
ခရစ်တော်ကို တွေ့ကြုံခံစားခြင်း - အရာခပ်သိမ်းဖြစ်ခြင်း
Verse 1
ယေရှုသည် ကောင်းဆုံးမိတ်ဆွေတည်း
ရွှင်လန်းသက်ရှင်စေသည်
နေ့စဉ်ခွန်အား ထံတော်မှရ
ကိုယ်တော်ပါမှ ပြီးရာ
ဝမ်းနည်းသောခါ ထံတော်ချဉ်းကပ်
အခြားမိတ်ဆွေ မကယ်နိုင်ပါ
ကိုယ်တော်ရှင်သာဝမ်းမြောက်စေသည် မိတ်ဆွေတည်း။
Verse 2
ယေရှုသည် ကောင်းဆုံးမိတ်ဆွေတည်း
ဒုက္ခရောက်စဉ် မသည်
ကောင်းချီးခံရန် ထံတော်ချဉ်းကပ်
ထပ်မံ၍ ပေးဦးမည်
နေ၊ အလင်းနှင့် မိုးရေကိုပေး
စပါးသီနှံကြွယ်ဝစွာကျွေး
နေ၊ လင်း၊ မိုးရေ၊ စပါးပေးသည် မိတ်ဆွေတည်း။
Verse 3
ယေရှုသည် ကောင်းဆုံးမိတ်ဆွေတည်း
ကျွန်ုပ်အမှန်ချစ်မည်
ဤမျှချစ်သော မိတ်ဆွေစစ်ကို
ဘယ်ခါမျှ မပယ်လို
လမ်းမှန်လျှောက်ရန် ကိုယ်တော်နောက်လိုက်
နေ့ညဉ့်မပြတ် စောင့်ရှောက်စဉ်ခိုက်
နောက်တော်သို့လိုက် အစဉ်တစိုက် မိတ်ဆွေတည်း။
Verse 4
ယေရှုသည် ကောင်းဆုံးမိတ်ဆွေတည်း
ခြားမိတ်ဆွေမလိုပြီ
ကိုယ်တော်ကိုသာ ယုံကြည်အားကိုး
အသက်ဆုံးသည်တိုင်အောင်
ကောင်းဆုံးမိတ်ဆွေနှင့် စဉ်ပျော်နေ
ထိုအသက်တာ မဆုံးနိုင်လေ
ထာဝရသက် ဝမ်းမြောက်စဉ်ဆက် မိတ်ဆွေတည်း။
Hymn details
စာသား: Will Lamartine Thompson
သံစဉ်: Will Lamartine Thompson
Meter: Peculiar Meter
Key: Ab Major
Time: 6/8
Audio