နက်နဲစွာသော အပြစ်များတွက်
ခရစ်တော်ကို တွေ့ကြုံခံစားခြင်း - အရာအားလုံးလုံလောက်ပြည့်စုံသောအရှင်
21
Verse 1
နက်နဲစွာသော အပြစ်များတွက်
ကြမ်းတမ်းစွာသော လမ်းခရီးတွက်
ငိုကြွေးနေသောသူ အားလုံးတွက်
ကိုယ်တော် လုံလောက်ပြည့်စုံ။
Verse 2
ခက်ခဲဒုက္ခ ကြီးငယ်များတွက်
စိုးရိမ်တုန်လှုပ်ခြင်းများအတွက်
ယိုင်နဲ့နေသော ခြေလှမ်းများတွက်
ကိုယ်တော် လုံလောက်ပြည့်စုံ။
Verse 3
မြေကြီးရာ နှစ်လိုဖွယ်ဖြစ်ခါ
အားလုံးကောင်းမွန်၊ သက်သာခြင်းများ
ကောင်းကင်အလင်းကို ဖုံးကွယ်လည်း
ကိုယ်တော် လုံလောက်ပြည့်စုံ။
Verse 4
ဝမ်းနည်းခြင်းများ တစ်နေ့တာလုံး
စိတ်ပျက်ခြင်းများ လမ်းကိုပိတ်ဆို့
စိတ်နှလုံးသည် ဆွံ့အသော်လည်း
ကိုယ်တော် လုံလောက်ပြည့်စုံ။
Verse 5
ဘေးပတ်ဝန်းကျင် မည်ရာဖြစ်စေ
လက်တော်ဖြင့် ကူညီကာ မစ
သို့မှ ကိုယ်တော်သည် ကျွန်ုပ်ဖို့
လုံလောက်ပြည့်စုံရှင်ဖြစ်။
Hymn details
စာသား: Anon.
သံစဉ်: C. Fishwick
Meter: 8.8.8.6.
Key: F Major
Time: 3/4
Audio