M306E529KC306MT306

ယေရှုကို မမြင်ရချိန်ခါ

ခရစ်တော်ကို တွေ့ကြုံခံစားခြင်း - အရာခပ်သိမ်းဖြစ်ခြင်း

21

Verse 1

ယေရှုကို မမြင်ရချိန်ခါ

မည်မျှငြီးငွေ့၊ အရသာမဲ့

ချိုမြိန်ရှေ့ရေး၊ ငှက်များ၊ ပန်းများ

ကျွန်ုပ်အတွက် ချိုမြိန်မရှိ

နွေလယ်ခေါင်နေမင်းထွန်းလည်းမှိန်

ကြည်နူးဖွယ်လယ်ကွင်းလည်း ချည်းနှီး

ကိုယ်တော်၌ ပျော်ရွှင်မှသာလျှင်

ဒီဇင်ဘာသည် မေသို့သာယာ။

Verse 2

နာမတော်သည် ကြွယ်ဝမွှေးပျံ့

အသံတော်သည် ဂီတထက်ချို

မျက်မှောက်တော်ဖြင့် ဝမ်းနည်းခြင်းပျောက်

ကျွန်ုပ်တွင်းဝမ်းမြောက်ခြင်းရှိစေ

ကိုယ်တော်ရှင်အစဉ်နီးတော်မူ

ခြားအလိုကင်း၊ စိုးရိမ်ခြင်းကင်း

ကျွန်ုပ်ကဲ့သို့ မည်သူဝမ်းမြောက်

ကျွန်ုပ်၏နွေ၊ နှစ်များတစ်လျှောက်။

Verse 3

မျက်နှာတော်ကို ဖူးမြင်လိုလှ

ဖြစ်ခြင်းအားလုံး ကိုယ်တော်ထံပေး

အသိဉာဏ်၌ ပြောင်းလဲခြင်းရှိ

ဥတု၊ နေရာနှင့် မသက်ဆိုင်

မေတ္တာတော်အာရုံကောင်းကြီးပေး

ယေရှုနှင့်သာ အတူရှိလျှင်

နန်းတော်သည် ထင်ရှားပေါ်လွင်လာ

အကျဉ်းထောင်သည် နန်းတော်ဖြစ်လာ။

Verse 4

သခင်၊ ကိုယ်တော့်တွက် ကျွန်ုပ်ရှိ

ကျွန်ုပ်နေမင်း၊ သီချင်းဖြစ်သော်

အဘယ်ကြောင့် အားနည်းရသနည်း

ဆောင်းကာလအဘယ်ကြောင့်ကြာရှည်

မိုးတိမ်မည်းများ ဖယ်ရှားပေးပါ

ရွှင်လန်းမျက်မှောက်တော်ရယူပါ

ထက်ရပ်သို့ ကျွန်ုပ်ကိုဆောင်ယူ

ထိုရပ်၌ ဆောင်း၊ မိုးတိမ်မည်းကင်း။

Hymn details

စာသား: John Newton

သံစဉ်: Early American melody

Meter: 8.8.8.8.D.

Key: F Major

Time: 6/8

Audio