သိုးထိန်းတော် မေတ္တာရှင်ဘုရင်
ခရစ်တော်ကို တွေ့ကြုံခံစားခြင်း - အရာခပ်သိမ်းဖြစ်ခြင်း
Verse 1
သိုးထိန်းတော် မေတ္တာရှင်ဘုရင်
အမြဲတည်ရှိကရုဏာ
ကိုယ်တော်နှင့် ဆက်ဆံခြင်းရှိလျှင်
လိုသောအရာ မရှိပါ။
Verse 2
ငြိမ်သက်သောမြစ်ရေရှိရာသို့
ငါ့ကိုဆောင်သွားတော်မူ၏
စိမ်းလန်းသောစားကျက်များ၌လည်း
အိပ်နေစေတော်မူပါ၏။
Verse 3
မိုက်မဲလျက် လမ်းလွဲသွားနေသော်
မေတ္တာတော်နှင့် ရှာဖွေ၍
ပခုံးတော်ပေါ် ယုယထမ်းလျက်
အိမ်တော်သို့ ဆောင်တော်မူ၏။
Verse 4
သေမင်းအရိပ်လွှမ်းမိုးချိုင့်မှာ
ကိုယ်တော်ပါလျှင် မကြောက်ရ
လှံတံတော်နှင့် တောင်ဝှေးတော်သည်
နှစ်သိမ့်စေတော်မူပါမည်။
Verse 5
အကျွန်ုပ်ရန်သူတို့ရှေ့တွင်
စားပွဲပြင်ဆင်တော်မူမည်
ကျေးဇူးတော်ဖြင့် ကျွန်ုပ်ဖလား
လျှံ၍ ကျလျက်ရှိပါ၏။
Verse 6
ကိုယ်တော်၏ကောင်းမြတ်တော်မူခြင်း
နေ့ရက်ကာလ အစဉ်တည်
သိုးထိန်းတော်မြတ် အိမ်တော်၌ပင်
ကျွန်ုပ်အစဉ် ချီးမွမ်းမည်။
Hymn details
စာသား: Henry Williams Baker
သံစဉ်: John Bacchus Dykes
Meter: 8.7.8.7.(I).
Key: G Major
Time: 4/4
Audio