အို၊ ခရစ်တော်၌ စိတ်တွေ့ပြီ
ခရစ်တော်ကို တွေ့ကြုံခံစားခြင်း - အရာခပ်သိမ်းဖြစ်ခြင်း
Verse 1
အို၊ ခရစ်တော်၌ စိတ်တွေ့ပြီ
ကိုယ်တော်၌သာတွေ့ပြီ
ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းရှာခဲ့
ဝမ်းမြောက်ခြင်းကိုမသိ။
chorus
ခရစ်တော်သာ ကျေနပ်စေရာ
ခြားနာမ မရှိပါ
မေတ္တာ၊ အသက်နှင့်ဝမ်းမြောက်ခြင်း
သခင်ယေရှု၌တွေ့။
Verse 2
နားခိုခြင်း၊ ပျော်ရွှင်ခြင်းတောင့်တ
ကိုယ်တော့်ကို မရှာဖွေ
ကယ်တင်ရှင်ဘေးမှဖြတ်ကျော်မိ
မေတ္တာဖြင့် ကိုင်စွဲခံ။
chorus
ခရစ်တော်သာ ကျေနပ်စေရာ
ခြားနာမ မရှိပါ
မေတ္တာ၊ အသက်နှင့်ဝမ်းမြောက်ခြင်း
သခင်ယေရှု၌တွေ့။
Verse 3
ပျက်သောရေကျင်းဖြင့် ကြိုးစားရာ
ရေများသည် ယိုစိမ့်ထွက်
ရေငုံ့သောက်သော် ရေကင်းမဲ့နေ
လှောင်ပြောင်ခံ၊ ဝမ်းနည်းနေ။
chorus
ခရစ်တော်သာ ကျေနပ်စေရာ
ခြားနာမ မရှိပါ
မေတ္တာ၊ အသက်နှင့်ဝမ်းမြောက်ခြင်း
သခင်ယေရှု၌တွေ့။
Verse 4
ပျော်ရွှင်ခြင်းများဆုံးရှုံးငိုကြွေး
ကိုယ်တော်တွက် မငိုကြွေး
ကျေးဇူးတော်ဖြင့် မျက်စိမြင်လာ
ချစ်ဖွယ်ကိုယ်တော်ကိုမြင်။
chorus
ခရစ်တော်သာ ကျေနပ်စေရာ
ခြားနာမ မရှိပါ
မေတ္တာ၊ အသက်နှင့်ဝမ်းမြောက်ခြင်း
သခင်ယေရှု၌တွေ့။
Hymn details
စာသား: B. E.
သံစဉ်: James McGranahan
Meter: 8.6.8.6.D. with chorus.
Key: F Major
Time: 4/2
Audio