M303E521KC303MT303

ဖွင့်ပြခြင်းတွက် ကျေးဇူးတင်သည်

ခရစ်တော်ကို တွေ့ကြုံခံစားခြင်း - အရာခပ်သိမ်းဖြစ်ခြင်း

21

Verse 1

ဖွင့်ပြခြင်းတွက် ကျေးဇူးတင်သည်

ကျွန်ုပ်မြင်ခွင့်ရပြီ

ကိုယ်တော်သည် အားလုံးတွက်ဖြစ်၏

အားလုံးသည် ကိုယ်တော်တွက်

ကိုယ်တော်ကို လက်ခံသူအားလုံး

ခေါ်တော်မူသံကို စဉ်နားထောင်။

Verse 2

ကိုယ်တော်ရှင်အား ကိုးစားအံ့ဖွယ်

ယခင်မသိမြင်ခဲ့

ကျွန်ုပ်၏လမ်းခရီးတစ်လျှောက်

ကိုယ်တော်စောင့်ထိန်းပေးနေ

လိုအပ်ရာအားလုံးမစကာ

တောင့်တခြင်းများကို ကျေနပ်စေ။

Verse 3

ကိုယ်တော်ရှင်ကို ကျွန်ုပ်ယူဆောင်

ကိုယ်တော်ထံ စဉ်ဝန်ခံ

စိတ်နှလုံး၊ လမ်းခရီး၊ အလုပ်

ခြေတော်၌ စဉ်လျှောက်လှမ်း

ကျွန်ုပ်လုပ်ဆောင်ရာ ကျွန်ုပ်သိ

ရန်သူလက်မှ ဘေးကင်းလုံခြုံ။

Verse 4

ငြိမ်သက်ခြင်းအရှင်ကို ယူဆောင်

စိတ်နှလုံးစောင့်ထိန်းခံ

မြေကြီးပေါ်ရှိ မုန်တိုင်းများကြား

ငြိမ်သက်စွာစောင့်ရှောက်ခံ

ကိုယ်တော်နိုင်ငံတော်ကျယ်ပြန့်လာ

ကိုယ်တော်နက်နဲငြိမ်သက်ခြင်းတည်။

Verse 5

ကိုယ်တော်ရှင်ကို ကျွန်ုပ်ယူဆောင်

ပညာအချုပ် ကိုယ်တော်

မိုက်မဲရာများ ကိုယ်တော်ရွေးချယ်

ကျွန်ုပ်ကိုပင် ရွေးချယ်

ကျွန်ုပ်၌ ကိုယ်တော်လုပ်ဆောင်နေ

ကိုယ်တော်တွက် ကြားပြောမှုဆောင်မည်။

Verse 6

ကိုယ်တော်ရှင်ကို ကျွန်ုပ်ယူဆောင်

ကျွန်ုပ်တွက် ရာခပ်သိမ်း

ပိုင်ဆိုင်ရာမဲ့၊ ချည်းနှီးကျွန်ုပ်

ကိုယ်တော်တွက် မဖြစ်ခဲ့

ကိုယ်တော်သည် ရာအားလုံးဖြစ်၏

ရာခပ်သိမ်း၌ လုံလောက်ပြည့်စုံ။

Hymn details

စာသား: A. W. Marsten

သံစဉ်: J. Summers

Meter: 8.6.8.6.8.8.

Key: D Major

Time: 4/4

Audio