ကျေးဇူးတော်၏မြင့်ဆုံး ဖွင့်ဆိုချက်မှာ
ခရစ်တော်ကို တွေ့ကြုံခံစားခြင်း — ကျေးဇူးတော်
Verse 1
ကျေးဇူးတော်၏မြင့်ဆုံး ဖွင့်ဆိုချက်မှာ
သားတော်၌ဘုရား ကျွန်ုပ်ဝမ်းမြောက်ရ
တစ်စုံတစ်ရာ လုပ်ဆောင်ပေးခြင်းမက
ဘုရားကိုယ်တော်တိုင် ကျွန်ုပ်တို့ဝေစု။
Verse 2
ဘုရားသည် သွေးသား၌ လူ့ဇာတိယူ
ကျွန်ုပ်တို့လက်ခံ တွေ့ကြုံနိုင်စေရန်
ဘုရားကိုလက်ခံ၊ ကျေးဇူးတော်ရရှိ
ခရစ်တော်ဖြင့်လာ၊ ခရစ်တော်ဖြစ်ရာ။
Verse 3
ပေါလုသည် ရာအားလုံး မစင်ထင်မှတ်
ကိုယ်တော်ရှိဘုရား၊ ကျေးဇူးတော်မှတ်ရာ
ကျေးဇူးတော်ဖြင့် ကိုယ်တော်ကို တွေ့ကြုံရ
ပြေးပွဲ၌ ခြားသူများထက် လွန်ကဲမြတ်။
Verse 4
ခရစ်တော်သည် ကျွန်ုပ်တို့၏ခွန်အား
လိုအပ်ရာအားလုံး လုံလောက်စွာဖြည့်ပေး
ကျေးဇူးတော်သည် ကျွန်ုပ်ဝိညာဉ်၌တည်
အလိုတော်ကို လုပ်ဆောင်ရန် ခွန်အားပေး။
ကျေးဇူးတော်သည် သက်ရှင်သောခရစ်တော်
လိုအပ်ရာ ကျွန်ုပ်တို့တွေ့ကြုံရန်သာ
ကျေးဇူးတော်ကို သိရှိကာ သက်ရှင်မည်
ကိုယ်တော်တိုးပွားခြင်း၊ ကျေးဇူးတော်တိုးပွား။
Hymn details
စာသား: Witness Lee
သံစဉ်: Henry James Ernest Holmes
Meter: 10.10.10.10.
Key: D Major
Time: 4/4
Audio