M290E499KC290MT290

အို အသက်နှင့် အို ငြိမ်သက်ခြင်း

ခရစ်တော်ကို တွေ့ကြုံခံစားခြင်း — အသက်

21

Verse 1

အို အသက်နှင့် အို ငြိမ်သက်ခြင်း

ကျွန်ုပ်၌ ခရစ်တော်သက်ရှင်

ကိုယ်တော်နှင့်အတူ သေခံပြီ

ဤဘုန်းတော်ကို ပေးအပ်ခဲ့ပြီ

သက်ရှင်ရာ ကျွန်ုပ်မဟုတ်ပါ

ကျွန်ုပ်၌ ခရစ်တော်သက်ရှင်။

Verse 2

အို ဝမ်းမြောက်ခြင်း၊ အို နားခိုခြင်း

ကျွန်ုပ်၌ ကိုယ်တော်တည်ပြုပြင်

အသက်နှင့် သဘောသဘာဝ

ကျွန်ုပ်၏ဖြစ်ခြင်းထဲ ဆောင်သွင်း

အဆုံးတိုင်အောင် ကျွန်ုပ်တည်မည်

ကိုယ်တော်သည် ရာခပ်သိမ်းဖြစ်၏။

Verse 3

အို စဉ်းစားရာ၊ အို ဂုဏ်ယူရာ

ကျွန်ုပ်၌ ကိုယ်တော်ကြီးမားလာ

ကျွန်ုပ်သည် ရှက်ကြောက်ခြင်းကင်းရ

ခပ်သိမ်း၌ ကိုယ်တော်ကိုယူဆောင်

သေခြင်း၊ ရှင်ခြင်း၊ ကောင်းချီး၊ ဒုက္ခ

ခရစ်တော်ကို သက်သေခံမည်။

Verse 4

အို ဆုလာဘ်မြတ်၊ အို အကျိုးမြတ်

ခရစ်တော်သည် ကျွန်ုပ်ပန်းတိုင်

တန်ဖိုးထားရန် ခြားမရှိပါ

ကိုယ်တော်သာ ရာအားလုံးဖြစ်ရာ

ကျွန်ုပ်မျှော်ရာ ဘုန်းသရဖူ

တုနှိုင်းရာမဲ့ ခရစ်တော်သာ။

Hymn details

စာသား: Witness Lee

သံစဉ်: Thomas Campbell

Meter: 8.8.8.8.8.8. with repeat.

Key: G Major

Time: 4/4

Audio