ခရစ်တော်သည် ခပ်သိမ်း၏စစ်မှန်ခြင်း
ခရစ်တော်ကို တွေ့ကြုံခံစားခြင်း — စစ်မှန်ခြင်း
Verse 1
ခရစ်တော်သည် ခပ်သိမ်း၏စစ်မှန်ခြင်း
လူနှင့်အရာအားလုံး၏ ဦးခေါင်းဖြစ်
ကိုယ်တော်မပါ၊ ဘုရားမတွေ့နိုင်ပါ
ကိုယ်တော်မပါလျှင်၊ ချည်းနှီးသက်သက်ပင်။
Verse 2
ရှေးခေတ်၏ ပုံဆောင်ချက်များရှိသမျှ
ကျွန်ုပ်လိုအပ်ရာ ကြီးငယ်အရာများ
ခရစ်တော်၏ ပုံရိပ်များသာဖြစ်ရာ
ကိုယ်တော်သာ ရာခပ်သိမ်းဖြစ်ကြောင်းပြဖော်။
Verse 3
အရာခပ်သိမ်း အနတ္တ၊ အနတ္တ
ခရစ်တော်သာ ခပ်သိမ်း၏စစ်မှန်ခြင်း
အရာအားလုံး ပိုင်ဆိုင်ဝမ်းမြောက်နိုင်လည်း
ခရစ်တော်မပါလျှင်၊ ဟာလာဟင်းလင်း။
Verse 4
ခရစ်တော်သည် ဘုရားမှန်၊ သခင်မှန်
ခရစ်တော်သည် အသက်၊ အလင်းစစ်မှန်
ကိုယ်တော်သည် စားစရာနှင့်သောက်စရာ
ကိုယ်တော်သည် ဝတ်ဆင်စရာနှင့်တန်ခိုး။
Verse 5
ခရစ်တော်သည် ဘုရားလေ့လာခြင်းနှင့်
သြဝါဒများ၏ စစ်မှန်ခြင်းဖြစ်ရှင်
ကိုယ်တော်မပါသော ကျမ်းစာအသိသည်
စာ၌သာရှိ ချည်းနှီးသက်သက်အတိ။
Verse 6
ခရစ်တော်သည် အချိန်နယ်ပယ်စစ်မှန်
ကိုယ်တော်သည် အခြေအနေ၏စစ်မှန်
ခရစ်တော်သည် ရာခပ်သိမ်း၏စစ်မှန်
တစ်ခေတ်ပြီးတစ်ခေတ် ထာဝရဖြစ်ရှင်။
Hymn details
စာသား: Witness Lee
သံစဉ်: Harold Green
Meter: 10.10.10.10.
Key: C Major
Time: 4/4
Audio