M287E493KC287MT287

ကိုယ်တော်သည် ယခုဝိညာဉ်တော်

ခရစ်တော်ကို တွေ့ကြုံခံစားခြင်း — ဝိညာဉ်တော်

21

Verse 1

ကိုယ်တော်သည် ယခုဝိညာဉ်တော်

ကျွန်ုပ်တို့ကို ရှင်သန်သက်ပေး

ကြွယ်ဝခြင်းများနှင့် ခွန်အားပေး

အို မည်မျှဘုန်းတော် ထင်ရှားခြင်း။

Verse 2

ကိုယ်တော်သည် ယခုဝိညာဉ်တော်

တန်ခိုးတော်ဖြင့် လွတ်မြောက်စေပြီ

စစ်မှန်သော လွတ်မြောက်ခြင်းအားဖြင့်

အသက်တရား ခုထိန်းချုပ်နေ။

Verse 3

ကိုယ်တော်သည် ယခုဝိညာဉ်တော်

ပုံသဏ္ဌန်ပြောင်းပေးကာပြည့်ဝင်

ကိုယ်တော်စစ်မှန် သဏ္ဌန်တူရန်

ကိုယ်တော်အလင်းဖြင့် ထွန်းလင်းပေး။

Verse 4

ကိုယ်တော်သည် ယခုဝိညာဉ်တော်

ဝိညာဉ်၌ အိမ်တော်ဖြစ်စေပြီ

ကျွန်ုပ်ဝိညာဉ်နှင့် ပေါင်းစည်းပြီ

တစ်ဝိညာဉ်တည်း ဖြစ်ကြရပြီ။

Verse 5

မည်သို့လေ့ကျင့်ရန် သွန်သင်ပါ

ကိုယ်တော်ကို ဝိညာဉ်ဖြင့် ဆက်သွယ်

ဝိညာဉ်တော်၌ ကျွန်ုပ်လျှောက်လှမ်း

ကိုယ်တော်စစ်မှန်ခြင်းဖြင့် သက်ရှင်။

Hymn details

စာသား: Witness Lee

သံစဉ်: Thomas Bishop Southgate

Meter: 8.8.8.8.

Key: G Major

Time: 3/4

Audio