ဘုရားမေတ္တာ မည်မျှကြီးမား
ခမည်းတော်ကို ကိုးကွယ်ခြင်း - မေတ္တာတော်
Verse 1
ဘုရားမေတ္တာ မည်မျှကြီးမား
မြွက်ဆို၊ ရေးချမရနိုင်ပါ
အမြင့်ဆုံးသော ကြယ်ထက်မြင့်မား
အောက်ဆုံးအရပ် ငရဲတိုင်မှီ
အပြစ်သားများ ဒူးထောက်ပျပ်ဝပ်
သားတော်ကို စွန့်တော်မူ
လမ်းလွဲသားကို သင့်မြတ်စေပြီ
အပြစ်မှရွေးနှုတ်ပေး။
chorus
ဘုရားမေတ္တာ ဖြူစင်၊ ကြွယ်ဝ
တိုင်းတာမရနိုင်ပါ
ထာဝရတည်၊ သန့်ရှင်းသူနှင့်
ကောင်းကင်တမန် ချီးမွမ်း။
Verse 2
အိုမင်းရင့်ရော်ချိန် ရောက်ရှိလာ
မြေကြီးပလ္လင်၊ နိုင်ငံပြိုလဲ
ဆုတောင်းရန် လူများငြင်းပယ်လာ
ကျောက်ဆောင်၊ တောင်ကုန်း၊ တောင်များကိုခေါ်
ဘုရားမေတ္တာတည်မြဲလျက်ရှိ
တိုင်းတာမရနိုင်ပါ
ရွေးနုတ်ခံအာဒံမျိုးနွယ်နှင့်
ကောင်းကင်တမန် ချီးမွမ်း။
chorus
ဘုရားမေတ္တာ ဖြူစင်၊ ကြွယ်ဝ
တိုင်းတာမရနိုင်ပါ
ထာဝရတည်၊ သန့်ရှင်းသူနှင့်
ကောင်းကင်တမန် ချီးမွမ်း။
Verse 3
သမုဒ္ဒရာအမျှ မင်ရှိ
မိုးကောင်းကင်မျှ နေရာကြီးမား
မြေကြီးပေါ်ရှိ ငှက်တောင်တို့ဖြင့်
ကလောင်ရှင်များအားလုံးစုပေါင်း
ဘုရားမေတ္တာကို ရေးဖွဲ့သော်
သမုဒ္ဒရာကုန်ခန်း
ကောင်းကင်ထပ်ထပ် စာလိပ်ရှည်လည်း
ပြည့်စုံအလျှင်းမရှိ။
chorus
ဘုရားမေတ္တာ ဖြူစင်၊ ကြွယ်ဝ
တိုင်းတာမရနိုင်ပါ
ထာဝရတည်၊ သန့်ရှင်းသူနှင့်
ကောင်းကင်တမန် ချီးမွမ်း။
Hymn details
စာသား: Frederick Martin Lehman
သံစဉ်: Frederick Martin Lehman
Meter: Pecullar Meter
Key: C Major
Time: 3/4
Audio