M27E27KC27MT27

လာကြအတူ ချီးမွမ်းကြကုန်

ခမည်းတော်ကို ကိုးကွယ်ခြင်း - မေတ္တာတော်

21

Verse 1

လာကြအတူ ချီးမွမ်းကြကုန်

ဘုရားသည် မေတ္တာတော်

ကောင်းကင်၊ မြေကြီး ချီးမွမ်းသံညံ

ဘုရားသည် မေတ္တာတော်

အပြစ်သားများ ပြစ်မှလွတ်မြောက်

စိတ်နှလုံး၌ ချိုမြိန်သီချင်း

ယေရှုအဖို့ သီကျူးကြကုန်

ဘုရားသည် မေတ္တာတော်။

Verse 2

ဝမ်းမြောက်ဖွယ်ရာ ဝေစုဖြစ်ရာ

ဘုရားသည် မေတ္တာတော်

ကတိတော်များကို ကြွေးကြော်မည်

ဘုရားသည် မေတ္တာတော်

ကွယ်ကာပေးသော နေမင်းဖြစ်မူ

မျှော်လင့်ရာ၊ ခွန်အား၊ ကွယ်ကာရာ

သက်တာတလျှောက်လုံး ပါရှိမူ

ဘုရားသည် မေတ္တာတော်။

Verse 3

ဘုန်းတော်၌ တဖန်ချီးမွမ်းမည်

ဘုရားသည် မေတ္တာတော်

ဤရာသည် မြင့်မြတ်သောသီချင်း

ဘုရားသည် မေတ္တာတော်

အဆုံးမဲ့ ခေတ်များတလျှောက်လုံး

ကောင်းကင်ခြံရံများနှင့်အတူ

ဤရာ ချိုမြိန်ဆုံးသီချင်းဖြစ်

ဘုရားသည် မေတ္တာတော်။

Hymn details

စာသား: Howard Kingsbury

သံစဉ်: Unknown

Meter: 8.6.8.6.8.8.8.6.

Key: C Major

Time: 4/4

Audio