M279E483KC279MT279

ကိုယ်တော်နှင့်အတူ သေခံထမြောက်

ခရစ်တော်နှင့်ပေါင်းစည်းခြင်း - ကိုယ်တော်နှင့်အတူသေခံ၊ ထမြောက်

21

Verse 1

ကိုယ်တော်နှင့်အတူ သေခံထမြောက်

ကျွန်ုပ်ပြုရန် မည်ရာကျန်နည်း

ရုန်းကန်ခြင်းနှင့်ရန်ပြုခြင်းရပ်တန့်

အသက်တာအသစ်၌ လျှောက်လှမ်းမည်

ဘုရားဘုန်းကြီးစေ။

Verse 2

ခရစ်တော်နှင့်အတူ ထမြောက်ပြီ

ယခုကျွန်ုပ်ခြေလှမ်းသန့်ရှင်း

လှပသောတွေးခေါ်ခြင်းဖြင့် လျှောက်လှမ်း

ကိုယ်တော်သေခံ၊ အပြစ်မှ လွတ်မြောက်

ဘုရားဘုန်းကြီးစေ။

Verse 3

ခရစ်တော်နှင့်သက်ရှင် သေခြင်းကင်း

ခရစ်တော်၏နောက်တော်သို့လိုက်

ချည်နှောင်ခြင်းမှ လုံးလုံးလွတ်မြောက်ရ

ဇာတိအတ္တသည် အမှန်သေပြီ

ဘုရားဘုန်းကြီးစေ။

Verse 4

ခရစ်တော်တွက် ကျွန်ုပ်ခန္ဓာရှင်

ဘုရားရှင်တွက် အစေခံမည်

ပညတ်အောက်မဟုတ်၊ ကျေးဇူးတော်၌

ကိုယ်တော့်ကိုဝတ်ဆင် အပြစ်သေပြီ

ဘုရားဘုန်းကြီးစေ။

Verse 5

ခရစ်တော်၌ အစဉ်ကြီးထွားကာ

ခြားအရာများ အရှုံးထင်မှတ်

သန့်ရှင်းခြင်းအသီး ကျွန်ုပ်သီးမည်

အသက်တော်ကို သက်ဆုံးတိုင်ဝေငှ

ဘုရားဘုန်းကြီးစေ။

Hymn details

စာသား: T. Ryder

သံစဉ်: T. Ryder

Meter: 9.8.9.9.5.

Key: Bb Major

Time: 9/4

Audio