M280E484KC280MT280

ခရစ်တော်ကားတိုင်ပေါ်သေခံ

ခရစ်တော်နှင့်ပေါင်းစည်းခြင်း - ကိုယ်တော်နှင့်အတူသေခံ၊ ထမြောက်ခြင်း

21

Verse 1

ခရစ်တော်ကားတိုင်ပေါ်သေခံ

ကျွန်ုပ်လည်းပါ

ကျွန်ုပ်တွက် ကိုယ်စားရပ်တည်ပေး

ကိုယ်တော်ကို ယခုလက်ခံပြီ

နာမတော်ခေါ်။

chorus

ခရစ်တော်နှင့်သေခံ၊ ကျွန်ုပ်ကိုယ်တိုင်မရှင်

ခရစ်တော်၊ ကျွန်ုပ်၌သက်ရှင်ပြီ

ယခုကျွန်ုပ်ရှင်သောအသက်

ဘုရားသားတော်ကို ယုံကြည်ခြင်း၌တည်

ချစ်တော်မူ၍ သက်တော်စွန့်ပြီ။

Verse 2

ခရစ်တော်ကားတိုင်ပေါ်သေခံ

ကျွန်ုပ်လည်းပါ

ထမြောက်ခြင်းတန်ခိုး ကျွန်ုပ်တွက်

စပျစ်နွယ်ပင်ရှိ ကိုင်းခက်များ

အသက်မျှဝေ။

chorus

ခရစ်တော်နှင့်သေခံ၊ ကျွန်ုပ်ကိုယ်တိုင်မရှင်

ခရစ်တော်၊ ကျွန်ုပ်၌သက်ရှင်ပြီ

ယခုကျွန်ုပ်ရှင်သောအသက်

ဘုရားသားတော်ကို ယုံကြည်ခြင်း၌တည်

ချစ်တော်မူ၍ သက်တော်စွန့်ပြီ။

Verse 3

တစ်နေ့ခရစ်တော်ကြွလာမည်

ကျွန်ုပ်အတွက်

ကိုယ်တော်ကဲ့သို့ ကျွန်ုပ်ဖြစ်မည်

ကိုယ်တော်၏ဘုန်းတန်ခိုးတော်များ

ကျွန်ုပ်မျှဝေ။

chorus

ခရစ်တော်နှင့်သေခံ၊ ကျွန်ုပ်ကိုယ်တိုင်မရှင်

ခရစ်တော်၊ ကျွန်ုပ်၌သက်ရှင်ပြီ

ယခုကျွန်ုပ်ရှင်သောအသက်

ဘုရားသားတော်ကို ယုံကြည်ခြင်း၌တည်

ချစ်တော်မူ၍ သက်တော်စွန့်ပြီ။

Verse 4

အသက်ကောင်းချီးနက်နဲမြင့်မား

ကျွန်ုပ်စောင့်ထိန်း

ကိုယ်တော်နှင့်သေခံကာ သက်ရှင်

ကိုယ်တော်နှင့်အတူစဉ်တည်ရှိ

ဘုန်းတော်မျှဝေ။

chorus

ခရစ်တော်နှင့်သေခံ၊ ကျွန်ုပ်ကိုယ်တိုင်မရှင်

ခရစ်တော်၊ ကျွန်ုပ်၌သက်ရှင်ပြီ

ယခုကျွန်ုပ်ရှင်သောအသက်

ဘုရားသားတော်ကို ယုံကြည်ခြင်း၌တည်

ချစ်တော်မူ၍ သက်တော်စွန့်ပြီ။

Hymn details

စာသား: Albert Benjamin Simpson

သံစဉ်: Albert Benjamin Simpson

Meter: 8.4.8.8.4. with chorus.

Key: F Major

Time: 4/4

Audio