ခရစ်တော်နှင့်အတူသေခံ
ခရစ်တော်နှင့်ပေါင်းစည်းခြင်း - ကိုယ်တော်နှင့်အတူသေခံ၊ ထမြောက်
Verse 1
ခရစ်တော်နှင့်အတူသေခံ
ကားတိုင်ဖြင့် လွတ်မြောက်ရပြီ
ခရစ်တော်နှင့်အတူ ထမြောက်
ကျွန်ုပ်၌ ကိုယ်တော်အုပ်စိုး။
chorus
အပြစ်၊ အတ္တ၊ လောကရာအားလုံး
ကိုယ်တော်နှင့်တူသေခံချိုမြိန်
ခရစ်တော်နှင့်သက်ရှင် ချိုသာလှ
ကျွန်ုပ်၌ ကိုယ်တော်အုပ်စိုး။
Verse 2
နက်နဲရာရှေးခေတ်မှဝှက်ထား
ယုံကြည်ခြင်းဖြင့် ဖွင့်ပြပေး
ကျွန်ုပ်၌ရှိ ခရစ်တော်
ဘုန်းမျှော်လင့်ရာ၊ ချီးမွမ်းမည်။
chorus
အပြစ်၊ အတ္တ၊ လောကရာအားလုံး
ကိုယ်တော်နှင့်တူသေခံချိုမြိန်
ခရစ်တော်နှင့်သက်ရှင် ချိုသာလှ
ကျွန်ုပ်၌ ကိုယ်တော်အုပ်စိုး။
Verse 3
ဤဝှက်ထားခံနက်နဲအရာ
မျိုးစေ့မြှုပ်ကာ ကြီးထွားလာ
အပင်ငယ်နှင့်ကိုင်းဆက်ခံရာ
ချိုမြိန်ကြွယ်ဝ သက်တာရ။
chorus
အပြစ်၊ အတ္တ၊ လောကရာအားလုံး
ကိုယ်တော်နှင့်တူသေခံချိုမြိန်
ခရစ်တော်နှင့်သက်ရှင် ချိုသာလှ
ကျွန်ုပ်၌ ကိုယ်တော်အုပ်စိုး။
Verse 4
ဤနက်နဲသောသန့်ရှင်းအရာ
ကျွန်ုပ်မဟုတ်၊ ကိုယ်တော်သာ
ကျွန်ုပ်၌ ဖြည့်မူပါ၊ သခင်
ကိုယ်တော်နှင့်ပြည့်လျှံသည့်တိုင်။
chorus
အပြစ်၊ အတ္တ၊ လောကရာအားလုံး
ကိုယ်တော်နှင့်တူသေခံချိုမြိန်
ခရစ်တော်နှင့်သက်ရှင် ချိုသာလှ
ကျွန်ုပ်၌ ကိုယ်တော်အုပ်စိုး။
Verse 5
နာကျင်၊ ဖျားနာခြင်းတွက် လိမ်းဆေး
ကျွန်ုပ်ခွန်အား သေရန်သာ
အသက်တော်နှင့်ပြည့်ဝခြင်းရှာ
ကိုယ်တော်မစတော်မူပါ။
chorus
အပြစ်၊ အတ္တ၊ လောကရာအားလုံး
ကိုယ်တော်နှင့်တူသေခံချိုမြိန်
ခရစ်တော်နှင့်သက်ရှင် ချိုသာလှ
ကျွန်ုပ်၌ ကိုယ်တော်အုပ်စိုး။
Verse 6
ကားတိုင်ဖြင့် ပလ္လင်တော်ရောက်ခြင်း
ကိုယ်တော်၏ကျိုးကြောင်းမှန်ခြင်း
ကိုယ်တော်နည်းတူ ဘုန်းထွန်းလင်းရန်
ကားတိုင်လမ်းဦးဆောင်မူပါ။
chorus
အပြစ်၊ အတ္တ၊ လောကရာအားလုံး
ကိုယ်တော်နှင့်တူသေခံချိုမြိန်
ခရစ်တော်နှင့်သက်ရှင် ချိုသာလှ
ကျွန်ုပ်၌ ကိုယ်တော်အုပ်စိုး။
Hymn details
စာသား: Albert Benjamin Simpson
သံစဉ်: Albert Benjamin Simpson
Meter: 8.7.8.7. with chorus.
Key: F Major
Time: 6/8
Audio