ကားတိုင်တော်စစ်သူရဲကျွန်ုပ်
ဆက်ကပ်အပ်နှံခြင်း - သခင်ဘုရားနှင့်အတူ စစ်တိုက်ခြင်း
Verse 1
ကားတိုင်တော်စစ်သူရဲကျွန်ုပ်
သိုးသူငယ်နောက်တော်လိုက်
ကိုယ်တော်အကြောင်း၊ နာမတော်ကို
ပြောဆိုရန် ရှက်သလော။
chorus
နာမတော်၊ ဖိုးထိုက်နာမ
ကျွန်ုပ်တွက်သေခံခဲ့
ကျေးဇူးတော်ဖြင့် ကတိတော်ရ
ကားတိုင်ကို ထမ်းပါမည်။
Verse 2
ပန်းမွေ့ရာပေါ် လွယ်ကူစွာဖြင့်
ကောင်းကင်သို့ ဆောင်မည်လော
ခြားသူများဆုတွက်တိုက်ခိုက်နေ
သွေးပင်လယ်ပေါ်ရွက်လွှင့်။
chorus
နာမတော်၊ ဖိုးထိုက်နာမ
ကျွန်ုပ်တွက်သေခံခဲ့
ကျေးဇူးတော်ဖြင့် ကတိတော်ရ
ကားတိုင်ကို ထမ်းပါမည်။
Verse 3
ကျွန်ုပ်တွက်ရန်သူမရှိလော
ရေလွှမ်းမိုး မတားလော
ဆိုးညစ်လောကသည် မိတ်ဆွေလော
ဘုရားထံ နီးစေလော။
chorus
နာမတော်၊ ဖိုးထိုက်နာမ
ကျွန်ုပ်တွက်သေခံခဲ့
ကျေးဇူးတော်ဖြင့် ကတိတော်ရ
ကားတိုင်ကို ထမ်းပါမည်။
Verse 4
စိုးစံလိုသော် တိုက်ခိုက်ရမည်
ခွန်အားပေးပါသခင်
ပင်ပန်းခံမည်၊ နာကျင်ခံမည်
နှုတ်ကပတ်တော်ထောက်မ။
chorus
နာမတော်၊ ဖိုးထိုက်နာမ
ကျွန်ုပ်တွက်သေခံခဲ့
ကျေးဇူးတော်ဖြင့် ကတိတော်ရ
ကားတိုင်ကို ထမ်းပါမည်။
Hymn details
စာသား: Isaac Watts
သံစဉ်: Ira David Sankey
Meter: 8.6.8.6. with chorus.
Key: C Major
Time: 4/4
Audio