M269E467KC269MT269

ယနေ့သခင်မိန့်တော်မူ

ဆက်ကပ်အပ်နှံခြင်း - သခင်ဘုရား၏ အုပ်စိုးခြင်းကိုသိကျွမ်းခြင်း

21

Verse 1

ယနေ့သခင်မိန့်တော်မူ

ယနေ့ဆုံးဖြတ်ပါပြီ

ယေရှုတွက်သာ သက်တာပေး

ကျွန်ုပ်တွက် ဖိုးခပေး။

Verse 2

ကိုယ်တော်ပိုင်ရာအင်ပါယာ

ကျွန်ုပ်ဖြစ်ခြင်းအားလုံး

ယခုကျွန်ုပ်၊ ကိုယ်တော့်ကျွန်

လွတ်မြောက်ခြင်း ဘုန်းတော်ပင်။

Verse 3

မည်ရာမျှမပိုင်ဆိုင်ပြီ

ရှိရာဆုံးရှုံးမခံ

ဆင်းရဲခြင်းသို့ မရောက်နိုင်

မည်သို့ပင် ကြုံပါစေ။

Verse 4

ကြွယ်ဝခြင်းလည်း မရှိလို

လောကကြီးပိုင်ဆိုင်လည်း

ကောင်းကင်မြေကြီးပျက်စီးမည်

ယေရှုသာ အစဉ်တည်။

Verse 5

ကျွန်ုပ်ဘဏ္ဍာ၊ ယေရှုရှင်

ဘဏ္ဍာတိုက်သည် ကိုယ်တော်

ယေရှု၌သက်ရှင်သူများ

ဆာငတ်ခြင်း မရှိတော့။

Verse 6

အဆုံးစွန်အားနည်းသော်လည်း

ကိုယ်တော်၌ အောင်မြင်နိုင်

ကျွန်ုပ်မေတ္တာယိမ်းယိုင်လည်း

မေတ္တာတော်၊ စဉ်တည်မြဲ။

Hymn details

စာသား: Annie W. Marston

သံစဉ်: German

Meter: 7.6.7.6.

Key: F Major

Time: 6/4

Audio