သခင်၊ ဘုရင်ဘက်၌
ဆက်ကပ်အပ်နှံခြင်း - သခင်ဘုရားနှင့်အတူ စစ်တိုက်ခြင်း
Verse 1
သခင်၊ ဘုရင်ဘက်၌
မည်သူရပ်မည်နည်း
ကိုယ်တော်ကို မည်သူကူ
ခြားသူကို ရယူ
လောကကို မည်သူစွန့်
ရန်သူကို ချေမှုန်း
သခင်ဘက်မည်သူရပ်
မည်သူသွားမည်နည်း။
chorus
ရွေးနုတ်ခြင်းအမှုသည်
ဘုရားကျေးဇူးတော်
သခင်ဘက်၌ရပ်တည်
ကိုယ်တော်တွက် ကျွန်ုပ်။
Verse 2
စစ်သူရဲထွက်ပေါ်သော
စစ်တပ်ထဲဝင်ရာ
ဘုန်းဦးရစ်သရဖူ
ကြွေးကြော်ရန်မဟုတ်
ကိုယ်တော်သည် သေခံကာ
လူများကို ရယူ
ခေါ်တော်မူခြင်းခံသူ
ကိုယ်တော်ဘက်ရပ်တည်။
chorus
ရွေးနုတ်ခြင်းအမှုသည်
ဘုရားကျေးဇူးတော်
သခင်ဘက်၌ရပ်တည်
ကိုယ်တော်တွက် ကျွန်ုပ်။
Verse 3
ကျွန်ုပ်ကို ယေရှုဝယ်
ရွှေငွေဖြင့် မဟုတ်
ဦးရစ်သရဖူတွက်
သွေးတော်ဖြင့်ဝယ်ခဲ့
ကိုယ်တော့်ထံ လာသူတိုင်း
ကောင်းချီးခံရကြ
ကိုယ်တော်အလိုရှိပြီ
လွတ်ခြင်းချမ်းသာပေး။
chorus
ရွေးနုတ်ခြင်းအမှုသည်
ဘုရားကျေးဇူးတော်
သခင်ဘက်၌ရပ်တည်
ကိုယ်တော်တွက် ကျွန်ုပ်။
Verse 4
တိုက်ခိုက်ခြင်းပြင်းထန်မည်
ရန်သူအားရှိမည်
သို့သော်စစ်တပ်တော်ကို
မည်သူမျှမနိုင်
တပ်တော်ဖြင့် ဝန်းရံထား
အောင်မြင်ခြင်းလုံခြုံ
သမ္မတရားတည်မြဲ
အောင်မြင်ခြင်းအမြဲ။
chorus
ရွေးနုတ်ခြင်းအမှုသည်
ဘုရားကျေးဇူးတော်
သခင်ဘက်၌ရပ်တည်
ကိုယ်တော်တွက် ကျွန်ုပ်။
Verse 5
တစ်ကျွန်းတစ်နိုင်ငံ၌
တပ်သားများဖြစ်ရန်
ရွေးချယ်၊ ခေါ်တော်မူပြီ
စစ်သူကြီးအတွက်
ဘုရင်တွက်အစေခံ
သစ္စာရှိငယ်သား
ပျင်းရိအလျင်းမရှိ
ရဲရင့်၊ မွန်မြတ်၊ မှန်။
chorus
ရွေးနုတ်ခြင်းအမှုသည်
ဘုရားကျေးဇူးတော်
သခင်ဘက်၌ရပ်တည်
ကိုယ်တော်တွက် ကျွန်ုပ်။
Hymn details
စာသား: Frances Ridley Havergal
သံစဉ်: German melody
Meter: 6.5.6.5.D.with chorus.
Key: Bb Major
Time: 4/4
Audio