ကရုဏာတော်တွက် ချီးမွမ်းသည်
ခမည်းတော်ကို ကိုးကွယ်ခြင်း - ကရုဏာတော်
Verse 1
ကရုဏာတော်တွက် ချီးမွမ်းသည်
လွန်စွာကြီးမား၊ နက်နဲလှ
အားနည်းခြင်း၊ ကျဆင်းခြင်းများ၌
ကြီးမားခြင်းသာလွန်ပြည့်စုံ
ကျွန်ုပ်လေးမြတ်၊ ကျွန်ုပ်လေးမြတ်
ကရုဏာ သရဖူဆောင်း။
Verse 2
ဤကရုဏာတော်အံ့သြဖွယ်
မည်မျှကျယ်ပြန့်ကြီးမားခြင်း
ပြစ်သားကျွန်ုပ်တို့ကိုလည်းမီ
ထာဝစဉ်ကိုင်စွဲထားပြီ
ဤကရုဏာမှ ကျွန်ုပ်ကို
မည်သူမျှမကွာစေနိုင်။
Verse 3
ကရုဏာတော်လွန်ကြီးမားလှ
ပေါများကြွယ်ဝပြည့်စုံလှ
ကရုဏာတော်ရွေးနုတ်ခြင်း၌
ကျွန်ုပ်တို့ကို လက်ခံမူ
ကရုဏာတော်မရှိခဲ့သော်
ကျွန်ုပ်ကို မည်သို့လက်ခံ။
Verse 4
ကရုဏာတော်သည် လှုံ့ဆော်မူ
နူးညံ့၊ ညင်သာ၊ ချစ်ချိုမြိန်
ကိုယ်တော့်သည်းခံခြင်း၊ ကြင်နာခြင်း
လိုအပ်မှုလုံးစုံပြည့်စုံ
တန်ဖိုးထားသည်၊ တန်ဖိုးထားသည်
မည်ရာမျှယှဉ်ပြိုင်မရ။
Verse 5
အဖ၏ကရုဏာဝမ်းမြောက်
အစဉ်လန်းဆန်းသစ်လွင်နေ
နံနက်တိုင်းအစဉ်သက်ရောက်နေ
နှင်းဖြင့် အစဉ်လန်းဆန်းစေ
မြည်းစမ်းဝမ်းမြောက်၊ မြည်းစမ်းဝမ်းမြောက်
ကိုယ်တော့်ကို ချီးမွမ်းပါ၏။
Verse 6
ချီးမွမ်းခြင်းရပ်ဆိုင်းမသွားနိုင်
ကရုဏာတော်အစဉ်တည်
ကျေးဇူးတော်မစမှုလုံးစုံ
ကျွန်ုပ်တို့တွက် စဉ်လုံခြုံ
ကိုးစားပါ၏၊ ကိုးစားပါ၏
ကရုဏာတော်စိတ်ချရာ။
Hymn details
စာသား: Witness Lee
သံစဉ်: Philip Paul Bliss
Meter: 8.7.8.7.8.7.
Key: E Major
Time: 4/4
Audio