M268E466KC268MT268

ကိုယ်တော်ဝင်လာ၊ ကိုယ်တော်ဝင်လာ

ဆက်ကပ်အပ်နှံခြင်း - သခင်ဘုရား၏ အုပ်စိုးခြင်းကိုသိကျွမ်းခြင်း

21

Verse 1

ကိုယ်တော်ဝင်လာ၊ ကိုယ်တော်ဝင်လာ

ဧည့်သည်အားလုံး ယခုထွက်

အခန်းအားလုံး ကိုယ်တော်ယူပြီ

စိတ်နှလုံးရှိ အခန်းများ။

Verse 2

ကိုယ်တော်ဝင်လာ၊ ကိုယ်တော်ဝင်လာ

သံသယ၊ အပြစ် ကွယ်ပျောက်

ကိုယ်တော်ပြည့်ဝ၊ ပိုင်ဆိုင်မူပြီ

အတွင်းအားလုံး သခင်ပိုင်။

Verse 3

ဆင်းရဲစိတ်နှလုံးတောင့်တရာ

ဒဏ်ချက်လက်တော် တံခါးခေါက်

တံခါးကျယ်ဝန်း ဖွင့်ပေးပါပြီ

မိန့်တော်မူသံ နားထောင်ပြီ။

Verse 4

ကိုယ်တော်ဝင်လာ၊ ကိုယ်တော်ဝင်လာ

သောကများထွက်ပြေးအဝေး

ဘုရင်၊ သခင်၊ စိုးစံနေပြီ

ပူဆွေးမှုများ မရှိတော့။

Hymn details

စာသား: S. A. H.

သံစဉ်: William Herbert Jude

Meter: 8.7.8.7.

Key: Ab Major

Time: 6/4

Audio