M267E465KC267MT267

အဆုံးတိုင်အောင် မှုဆောင်မည်

ဆက်ကပ်အပ်နှံခြင်း - သခင်ဘုရားကို အစေခံခြင်း

21

Verse 1

အဆုံးတိုင်အောင် မှုဆောင်မည်

ကျွန်ုပ်ကတိရှိပြီ

ကိုယ်တော်ရှင်သည် အနားမှာ

အစဉ်ရှိတော်မူပါ

ကိုယ်တော်အရှင်ရှိခဲ့လျှင်

ကြောက်ရာ ဘာမျှမမြင်

ကိုယ်တော်ရှင် လမ်းပြသောခါ

လမ်းသည် မလွဲနိုင်ပါ။

Verse 2

ကျွန်ုပ်နားမှာ စဉ်နေပါ

စုံစမ်းခြင်းများလှပါ

လောကသွေးဆောင်ခြင်းများလည်း

ပတ်လည်ဝိုင်းလျက်ရှိ၏

ရန်သူများအတွင်းအပြင်

ရှိနေကြသည် အစဉ်

ဝိညာဉ်ကို ကွယ်ကာဖို့ရာ

အနီးကြွတော်မူပါ။

Verse 3

တပ်မက်စွဲလန်းမုန်တိုင်းနှင့်

စိတ်လိုလိုက်ခြင်းထဲမှ

မိန့်တော်သံ တည်ငြိမ်ကြည်လင်

ကြားခွင့်ပေးပါအရှင်

မှားမှန် ခွဲခြားသိစေရန်

ညွန်ကြားကိုယ်တော် ထပ်မံ

ကြားနိုင်အောင် နားထောင်ဖို့ရာ

ပြုပြင်ပါ ရှင်ဘုရား။

Verse 4

အို ယေရှု ကတိတော်ထား

နောက်တော် လိုက်သူအားလုံး

ကိုယ်တော် ဘုန်းပေါ်ထွန်းသောခါ

ကိုယ်တော်ကျွန်လည်း ပါစေ

ယေရှု၊ ကျွန်ုပ်ကတိပေး

အဆုံးတိုင် စေခံမည်

နောက်လိုက်ရန် ကျေးဇူးမစ

ကျွန်ုပ် သခင်၊ မိတ်ဆွေ။

Verse 5

ခြေရာတော် မြင်ပါရစေ

ကျွန်ုပ်လည်း လိုက်လျှောက်မည်

ထိုက်တန်စွာ လိုက်ရန် မျှော်လင့်

ကိုယ်တော် ခွန်အား၌သာ

ခေါ်ဆောင်၊ ပြသ လမ်းညွှန်ပါ

အဆုံးတိုင် ဆွဲကိုင်ပါ

နားခိုချိန်မှာ လက်ခံပါ

ကယ်တင်ရှင်နှင့် မိတ်ဆွေ။

Hymn details

စာသား: John Ernest Bode

သံစဉ်: Arthur Henry Mann

Meter: 7.6.7.6.D.

Key: F Major

Time: 4/4

Audio