M266E464KC266MT266

ဘုန်းတော်ပြည့်ဝ၊ အောင်နိုင်အရှင်

ဆက်ကပ်အပ်နှံခြင်း - သခင်ဘုရားကို အစေခံခြင်း

21

Verse 1

ဘုန်းတော်ပြည့်ဝ၊ အောင်နိုင်အရှင်

ကိုယ်တော်၌သာ အပ်နှံပါပြီ

ကျွန်ုပ်အလို ကိုယ်တော်သာပိုင်

ပလ္လင်တော်ရှေ့ ဝမ်းမြောက်ကျွန်ခံ။

Verse 2

အိုသခင်ရှင်၊ တံခါးသို့ခေါ်

ကျွန်ုပ်နားကို ဖောက်မူပါလေ

လွတ်မြောက်ရလည်း၊ ထွက်မသွားလို

သခင်၌သာ အစဉ်ကျွန်ခံ။

Verse 3

နားနှင့်လက်များ၊ စဉ်းစားအလို

ကိုယ်တော့်ကျွန်ကို အသုံးပြုပါ

မောပန်းလွတ်လပ်၊ စွန့်ပစ်လိုက်ပြီ

ခြေတော်အောက်၌ စောင့်ထိန်းမူပါ။

Verse 4

ထိုရာနင်းခြေ၊ သို့မှသိမြင်

ဤလက်များသည် ဆုကျေးဇူးလျှံ

ဖောက်ခံသောနား၊ သံတော်ကြားရ

ကိုယ်တော်ကျွန်ုပ်၊ တစ်လုံးတစ်ဝ။

Hymn details

စာသား: Handley C. G. Moule

သံစဉ်: R. W. Dixon

Meter: 8.8.8.8.

Key: D Major

Time: 3/4

Audio