M265E463KC265MT265

သခင်ကို ကျွန်ုပ်ချစ်သည်

ဆက်ကပ်အပ်နှံခြင်း - သခင်ဘုရားကို အစေခံခြင်း

21

Verse 1

သခင်ကို ကျွန်ုပ်ချစ်သည်

ထွက်သွားခြင်းမပြုပါ

ကိုယ်တော်သည် ရွေးနှုတ်ရှင်ဖြစ်

ကျွန်ုပ်တွက် ဖိုးခပေး

အမှုတော်ကို ဆောင်ရွက်မည်

ချိုသာသောကောင်းချီးပါ

မောပန်းဆုံးသောအချိန်၌

ငြိမ်သက်ခြင်းပေးမူပြီ။

Verse 2

သခင်အသက်-သွေးသွန်းခဲ့

အပြစ်ကျွန်မှ လွတ်စေ

အပြစ်၊အတ္တ ချုပ်နှောင်မှ

ကျွန်ုပ်ကို ကယ်တင်ခဲ့

အမှုဆောင်သူဖြစ်စေပြီ

ရွေးချယ်တန်ခိုးပေးပြီ

ပြည့်စုံသောကောင်းချီးခံရ

ကျွန်ုပ်ဆုံးရှုံးမခံ။

Verse 3

ကိုယ်ပိုင်အမှုကို မဆောင်

ကိုယ်တော့်အမှုသာဆောင်

ကျွန်ုပ်ကို ချစ်တော်မူ၍

ခန္ဓာစတေးခဲ့ပြီ

ဝမ်းမြောက်ခြင်းနှင့်လေးမြတ်မည်

ကိုယ်တော်ကို ချီးမွမ်းမည်

သခင်ကို ကျွန်ုပ်ချစ်သည်

ထွက်သွားခြင်းမပြုပါ။

Hymn details

စာသား: Frances Ridley Havergal

သံစဉ်: Alexander C. Ewing

Meter: 7.6.7.6.D.

Key: C Major

Time: 4/4

Audio