နေ့ရက်ချိန်ခါ သက်ရှူတိုင်း
ဆက်ကပ်အပ်နှံခြင်း- သခင်ဘုရားအတွက် အသက်ရှင်ခြင်း
Verse 1
နေ့ရက်ချိန်ခါ သက်ရှူတိုင်း
သက်တာခရီးခြေလှမ်းတိုင်း
ကြုံတွေ့ရသောအရာတိုင်း
ကြီးငယ်လုပ်ငန်းဆောင်တာတိုင်း
ဘုရားဘုန်းတော်တွက်သာသက်ရှင်
ကောင်းချီး၊ ချီးမွမ်း၊ ရိုသေလေးမြတ်။
Verse 2
နေ့ရက်စဉ်ပင်ပန်းမှုများ
ပြောဆိုရမည့်စကားများ
ဘုရားစေခိုင်းမည့်အလုပ်
ကျွန်ုပ်နားခိုသောအချိန်
ဘုရားဘုန်းတော်တွက်သာသက်ရှင်
ကောင်းချီး၊ ချီးမွမ်း၊ ရိုသေလေးမြတ်။
Verse 3
စိတ်နှလုံး၌ သွေးစက်များ
ပူဆွေးသောကဝေဒနာ
သွေးခုန်တိုင်းခါးသည်းနာကျင်
ဝမ်းမြောက်ခြင်းပြန်လည်ရရှိ
ဘုရားဘုန်းတော်တွက်သာသက်ရှင်
ကောင်းချီး၊ ချီးမွမ်း၊ ရိုသေလေးမြတ်။
Verse 4
နေ့စဉ်အစာစားသည့်နှယ်
သက်တာ၌ ခြားသူနှုတ်ဆက်
လမ်းဘေးရှိ ပန်းကို ဆွတ်ခူး
ကိုင်းညွတ်မြက်ပင်တည့်မတ်လာ
ဘုရားဘုန်းတော်တွက်သာသက်ရှင်
ကောင်းချီး၊ ချီးမွမ်း၊ ရိုသေလေးမြတ်။
Verse 5
သေးငယ်သောအမှုများမှ
ကြီးမားဆုံးအမှုများထိ
သီးခြားကမ္ဘာဆောက်မည်လော
ကိုယ်တော့်ပေါ်သာ လဲလျောင်းမည်
ဘုရားဘုန်းတော်တွက်သာသက်ရှင်
ကောင်းချီး၊ ချီးမွမ်း၊ ရိုသေလေးမြတ်။
Hymn details
စာသား: From Sister Eva of Friedenshort
သံစဉ်: C. T. Lambert
Meter: 7.7.7.7.8.8.
Key: C Major
Time: 4/4
Audio