ယေရှုရှင်ဘို့သာ သစ္စာနှင့်နေမည်
ဆက်ကပ်အပ်နှံခြင်း- သခင်ဘုရားအတွက် အသက်ရှင်ခြင်း
Verse 1
ယေရှုရှင်ဘို့သာ သစ္စာနှင့်နေမည်
ပြုမူလေသမျှ နှစ်သက်စေပါမည်
စိတ်ပါဝမ်းမြောက်စွာ အလိုတော်လိုက်မည်
ဤသို့ပြုခြင်းသာ ကောင်းချီးခံရမည်။
chorus
ကယ်တင်ရှင်ယေရှုသခင်၊ ကိုယ်ကိုပူဇော်ဆက်တင်
ကျွန်ုပ်ကိုကယ်တင်ဖို့ရာ၊ ကိုယ်တော်ရှင်သေခံရှာ
ကျွန်ုပ်သခင် ကိုယ်တော်သာ စိတ်တွင်ကိန်းဝပ်မူပါ
နောက်နောင် ကိုယ်တော်အရှင်ဖို့သာ
အသက်ကိုပူဇော်မည်။
Verse 2
သေခံရှင်ဖို့သာ အသက်ရှင်ပါမည်
ကျွန်ုပ်အပြစ်ကြောင့် ကိုယ်တော်သေခံပြီ
ရှိသမျှအပ်ပြီး နောက်တော်လိုက်ဖို့လည်း
ဤမေတ္တာတော်ပင် သွေးဆောင်ခေါ်ယူ၏။
chorus
ကယ်တင်ရှင်ယေရှုသခင်၊ ကိုယ်ကိုပူဇော်ဆက်တင်
ကျွန်ုပ်ကိုကယ်တင်ဖို့ရာ၊ ကိုယ်တော်ရှင်သေခံရှာ
ကျွန်ုပ်သခင် ကိုယ်တော်သာ စိတ်တွင်ကိန်းဝပ်မူပါ
နောက်နောင် ကိုယ်တော်အရှင်ဖို့သာ
အသက်ကိုပူဇော်မည်။
Verse 3
ဘယ်ရပ်မှာမဆို ကိုယ်တော်ဖို့သက်ရှင်
နာမတော်မြတ်နှင့် ဝတ်ကိုဆောင်ရွက်ချင်
ဒုက္ခခံရလျှင် မညည်းဘဲခံချင်
ကိုယ်တိုင်ထမ်းဖို့ရာ၊ ကားတိုင်ပင် မှတ်ထင်။
chorus
ကယ်တင်ရှင်ယေရှုသခင်၊ ကိုယ်ကိုပူဇော်ဆက်တင်
ကျွန်ုပ်ကိုကယ်တင်ဖို့ရာ၊ ကိုယ်တော်ရှင်သေခံရှာ
ကျွန်ုပ်သခင် ကိုယ်တော်သာ စိတ်တွင်ကိန်းဝပ်မူပါ
နောက်နောင် ကိုယ်တော်အရှင်ဖို့သာ
အသက်ကိုပူဇော်မည်။
Verse 4
ခဏသက်ရှင်စဉ် ကိုယ်တော်ဖို့သက်ရှင်
ကိုယ်တော်ဝမ်းမြောက်ခြင်း၊ ထူးမြတ်ဘဏ္ဍာထင်
လမ်းလွဲသူတို့ကို ကိုယ်တော်ရှင်ထံသို့
ပြန်လာစိမ့်သောငှါ ရှာဖွေလျက်ဆောင်ပို့။
chorus
ကယ်တင်ရှင်ယေရှုသခင်၊ ကိုယ်ကိုပူဇော်ဆက်တင်
ကျွန်ုပ်ကိုကယ်တင်ဖို့ရာ၊ ကိုယ်တော်ရှင်သေခံရှာ
ကျွန်ုပ်သခင် ကိုယ်တော်သာ စိတ်တွင်ကိန်းဝပ်မူပါ
နောက်နောင် ကိုယ်တော်အရှင်ဖို့သာ
အသက်ကိုပူဇော်မည်။
Hymn details
စာသား: Thomas Obediah Chisholm
သံစဉ်: Carl Harold lowden
Meter: 10.10.10.10. with chorus.
Key: F Major
Time: 4/4
Audio