M259E454KC259MT259

ကယ်တင်ရှင်ထံ စိတ်နှလုံးချီးမြောက်ပြီ

ဆက်ကပ်အပ်နှံခြင်း- သခင်ဘုရားထံ ပေးအပ်ထားခြင်း

21

Verse 1

ကယ်တင်ရှင်ထံ စိတ်နှလုံးချီးမြောက်ပြီ

ကျွန်ုပ်တွက် ကိုယ်တော်၊ ကိုယ်တော်တွက် ကျွန်ုပ်

ဤရာထက်နီးကပ်၊ မြေကြီးပေါ်မရှိ

ချစ်ဖွယ်အရှင်နှင့်အပြန်အလှန်ပိုင်။

Verse 2

ကိုယ်တော်ရှင်သည် ကျွန်ုပ်တွက်လုံးလုံးဖြစ်

ကိုယ်တော်ပူဇော်ခံ ကျွန်ုပ်တွက်ဖြစ်လာ

မေတ္တာတော်ကြိုးကြောင့် နာကျင်ခံချိုမြိန်

ကိုယ်တော်ထံသို့ နီးစွာတိုးဝင်ချဉ်းကပ်။

Verse 3

ကိုယ်တော်ရှင်သည် သွေးသွန်းသောသိုးသူငယ်

ရှိသမျှနှင့်သိသမျှကြွေးတင်နေ

ရှိသမျှကို ကျွန်ုပ်မပိုင်တော့ပြီ

ဖြစ်ခြင်းမပိုင်ဆိုင်၊ ကိုယ်တော်သာပိုင်ဆိုင်။

Verse 4

တောက်ပဆုံးသက်တာ၊ မည်သို့ကိုင်စွဲထား

ရွှေနှင့်တန်ခိုး မည်သို့စုသိမ်းထားနိုင်

ကိုယ်တော်ထံမှ ဖိုးထိုက်ရာသိမ်းမထား

ကျွန်ုပ်အတွက် ကိုယ်တော်တိုင်ကို ပေးခဲ့။

Verse 5

မေတ္တာတော်၌ စောင့်ထိန်းရန် ဆုတောင်းရာ

လောကတစ်ခွင်လုံး၊ လှည်းကျင်းရှင်းလင်းတိုင်

ထိုနေရာသန့်ရှင်း၊ အပြစ်၊ သောကကင်း

ကိုယ်တော်နှင့်ကျွန်ုပ် တစ်လုံးတစ်ဝတည်။

Hymn details

စာသား: Charles Edward Mudie

သံစဉ်: Henri Abraham Cesar Malan

Meter: 10.10.10.10.

Key: F Major

Time: 4/4

Audio