အဖ၊ ကျွန်ုပ်တို့ထံ ကရုဏာတော်
ခမည်းတော်ကို ကိုးကွယ်ခြင်း - ဂရုဏာတော်
21
Verse 1
အဖ၊ ကျွန်ုပ်တို့ထံ ကရုဏာတော်
ပြတော်မူပြီ
ကိုယ်တော်ရှင်သည် ပြစ်သားကျွန်ုပ်တို့ကို
သားများဖြစ်စေ
ကရုဏာခံရာအိုးများပြင်ဆင်ကာ
အသရေရှိတန်ဆာဖြစ်စေမူပြီ။
Verse 2
'' ယဇ်ပူဇော်ခြင်းထက် ကရုဏာနှစ်သက် ''
ကိုယ်တော်ကြွေးကြော်
ဤသို့ဖြင့် ကိုယ်တော်ကရုဏာတော်ကို
မျှဝေရပြီ
ပြလိမ့်မည်မဟုတ်၊ ပြနေသည်မဟုတ်
ပြတော်မူခဲ့သောကရုဏာတော်ဖြစ်။
Verse 3
အဖ၊ ကရုဏာ၊ မေတ္တာ၊ ကျေးဇူးတော်
ကျွန်ုပ်ရရှိ
ကရုဏာတော်၌ မျက်နှာတော်မြင်ရ
ထာဝရတည်
ကရုဏာတော်တွက် ကိုယ်တော့်ကို ကိုးကွယ်
နေ့ရက်ကာလတစ်လျှောက် ထာဝရတိုင်။
Hymn details
စာသား: Witness Lee
သံစဉ်: John Bacchus Dykes
Meter: 10.4.10.4.10.10.
Key: Ab Major
Time: 3/4
Audio