M258E452KC258MT258

မြေကြီးပျော်ရာ၊ မပြောပါနှင့်

ဆက်ကပ်အပ်နှံခြင်း- သခင်ဘုရားထံ ပေးအပ်ထားခြင်း

21

Verse 1

မြေကြီးပျော်ရာ၊ မပြောပါနှင့်

ရွံရှာဖွယ် မသွေးဆောင်နှင့်

လှည့်စားလှောင်ပြောင်၊ မပြုပါနှင့်

ဂုဏ်ကျော်စောခြင်းသည် ချည်းနှီး

ပြစ်ပြည့်ဝရုပ်တုများဖြတ်တောက်

မိမိကိုယ်ကို မပိုင်ပြီ

ယေရှုထံ စိတ်နှလုံးပေးအပ်

ကျွန်ုပ်ကို ယေရှုသာပိုင်။

chorus

ကျွန်ုပ်မပိုင်ဆိုင်၊ ကျွန်ုပ်မပိုင်ဆိုင်

ကျွန်ုပ်ကို ယေရှုပိုင်၊ ကျွန်ုပ်မပိုင်ဆိုင်။

Verse 2

အိုကောင်းချီးခံရာနားခိုခြင်း

ခရစ်တော်ကို ပိုင်ဆိုင်ရ

ပိုင်ဆိုင်ရာမဲ့သောအခါသာ

ကိုယ်တော့်ပြည့်ဝခြင်းရနိုင်

ယေရှု၊ ကျွန်ုပ်ကိုရယူပါ

ကိုယ်တော့်ဖို့ လုံးလုံးဖြစ်စေ

ကိုယ်တော့်ဝေစု ကျွန်ုပ်၌ရှိ

ကိုယ်တော်ကိုခေါ် ဝမ်းမြောက်စဉ်။

chorus

ကျွန်ုပ်မပိုင်ဆိုင်၊ ကျွန်ုပ်မပိုင်ဆိုင်

ကျွန်ုပ်ကို ယေရှုပိုင်၊ ကျွန်ုပ်မပိုင်ဆိုင်။

Verse 3

ရုန်းကန်ခြင်းကို စွန့်လွတ်လိုက်လေ

ကိုယ်တော့်ကို ပိုင်ဆိုင်ခွင့်ပေး

ယေရှုထံ သက်တာပေးအပ်လေ

ကိုယ်တော်သာ ပိုင်ဆိုင်မူပြီ

ယခင်ကိုယ်တော့်ဖြစ်ခြင်းပေးခဲ့

ယခုကျွန်ုပ်ဖြစ်ခြင်းပေး

ကိုယ်တော်သည် ရှိသမျှပေးခဲ့

မေတ္တာဖြင့် ပြန်လည်တုံ့ပြန်။

chorus

ကျွန်ုပ်မပိုင်ဆိုင်၊ ကျွန်ုပ်မပိုင်ဆိုင်

ကျွန်ုပ်ကို ယေရှုပိုင်၊ ကျွန်ုပ်မပိုင်ဆိုင်။

Hymn details

စာသား: Albert Benjamin Simpson

သံစဉ်: George Coles Stebbins

Meter: 8.7.8.7. with chorus.

Key: D Major

Time: 4/4

Audio