အလိုတော်ရှိရာ ပြုတော်မူပါ
ဆက်ကပ်အပ်နှံခြင်း- သခင်ဘုရားထံ ပေးအပ်ထားခြင်း
21
Verse 1
အလိုတော်ရှိရာ ပြုတော်မူပါ
ကိုယ်တော်ရှင်အိုးထိန်း၊ ကျွန်ုပ်အိုးမြေ
ကိုယ်တော်ရှင်မြတ်အား စောင့်နေစဉ်ခါ
သဘောတော်ရှိတိုင်း ပုံသွင်းလုပ်ပေး။
Verse 2
အလိုတော်ရှိရာ ပြုတော်မူပါ
ယနေ့စုံစမ်း၍ စစ်တော်မူပါ
ရှေ့တော်မှာ နှိမ့်ချ ဒူးထောက်စဉ်ခါ
မိုးပွင့်ထက်ဖြူအောင် ဆေးတော်မူပါ။
Verse 3
အလိုတော်ရှိရာ ပြုတော်မူပါ
ဒုက္ခရောက်သည့်ခါ၊ မတော်မူပါ
တန်ခိုးတော်မဟာ ကိုယ်တော်၌သာ
တို့တော်မူပြီးခါ ချမ်းသာပေးပါ။
Verse 4
အလိုတော်ရှိရာ ပြုတော်မူပါ
ကိုယ်တော်သာလုံးလုံး အုပ်စိုးမူပါ
ဝိညာဉ်တော်ဖြည့်ပါ အားလုံးမြင်ရန်
ကျွန်ုပ်၌ ခရစ်တော် သက်ရှင်ပါ။
Hymn details
စာသား: Adelaide Addison Pollard
သံစဉ်: George Coles Stebbins
Meter: 5.4.5.4.D.
Key: Eb Major
Time: 9/4
Audio