M237E415KC237MT237

ပုန်းကွယ်ရန်သူတန်ခိုးရှိနေ

တောင့်တခြင်းများ - အတ္တမှလွတ်မြောက်ခြင်း

21

Verse 1

ပုန်းကွယ်ရန်သူတန်ခိုးရှိနေ

ခရစ်ယာန်များစိုးရိမ်

မွေးရာပါအပြစ်ထက်သာလွန်

စိတ်နှလုံးချစ်ဖွယ်ကောင်း

အတ္တတန်ခိုးပင် ဖြစ်လေရာ

တစ်ဇွတ်ထိုးကျွန်ုပ်ဖြစ်

သခင်၊ ကျွန်ုပ်၌ သက်ရှင်ပါ

ကျွန်ုပ်အတ္တသေမည်။

Verse 2

အနာခိမ်၏သားများရှိနေ

ကျော်ကြားမှုတွက် ပြိုင်ဆိုင်

မိမိဘုန်း၊ အတ္တယုံစားမှု

အတ္တအလိုရှာဖွေ

မာနအနာခိမ်များရှိဆဲ

ကာလက်ဓားဖြင့် သတ်ဖြတ်

ကောင်းကင်မေတ္တာဟေဗြုန်ရှိရာ

ကျွန်ုပ်တို့အောင်နိုင်ရာ။

Verse 3

အတ္တအလိုမှကယ်တင်ပါ

သန့်ရှင်းပလ္လင်တော်တည်

ကိုယ်တော်၌သာ အလိုရှိစေ

အလိုတော်ပြည့်စေပါ

အတ္တယုံခြင်းမှ လွတ်စေပါ

အတ္တပြည့်စုံမှုမှ

ကိုယ်တော့်တွက် ခွန်အားရှိစေပါ

ကိုယ်တော့်ပေါ် စဉ်မှီခို။

Verse 4

အတ္တရှာခြင်းမှကယ်တင်ပါ

မိမိဖို့ မဖြစ်လို

အသက်ရှင်သောယဇ်ပူဇော်ပြီ

ကိုယ်တော့်ဖို့ စောင့်ထိန်းပါ

ချည်းနှီးမာနမှ ကယ်တင်ပါ

ထောင်လွှား၊ ကျော်စောခြင်းမှ

ခရစ်တော်ဘုန်းကိုသာရှာဖွေ

နာမတော်ဘုန်းကြီးစေ။

Verse 5

ကျွန်ုပ်အတ္တကို သေစေပါ

နှုတ်တော်ဖြင့် လောင်ကျွမ်းစေ

စိတ်တော်၊ ဒဏ်ချက်၊ ရှက်ခြင်းပြပါ

အတ္တသည် ဆုံးသတ်မည်

ရှခိနဘုန်းဆင်းသက်စဉ်ခါ

မောရှေပင် မခံနိုင်

ကိုယ်တော်၏ဘုန်းတော်ဖြည့်မူပါ

အတ္တထာဝရသေ။

Hymn details

Key: C Major

Audio