ကျွန်ုပ်၏ကယ်တင်ရှင်သခင်
တောင့်တခြင်းများ - အတ္တမှလွတ်မြောက်ခြင်း
21
Verse 1
ကျွန်ုပ်၏ကယ်တင်ရှင်သခင်
ကျွန်ုပ်ဖို့ ပူဇော်ခံ
အတ္တမှ လွတ်ကင်းချမ်းသာရ
ကိုယ်တော်၌ ကျွန်ုပ်မြင်။
Verse 2
ရက်စက်အတ္တရုန်းကန်လုပ်ဆောင်
ကျွန်ုပ်ရင်ထဲလုပ်ဆောင်
ကိုယ်တော်နှင့်ကျွန်ုပ်ကြားဝင်လာ
နားခိုခြင်းဝေးကွာစေ။
Verse 3
လိမ္မာပါးနပ်ပုံစံများဖြင့်
အမုန်းတရားပွားစေ
နားခိုမှု၊ လုံခြုံမှုမရှိ
ကိုယ်တော်၌သာလုံခြုံ။
Verse 4
သခင်၊ သန့်ရှင်းနားခိုမှုရှာ
အပြစ်ပေါ် အောင်မြင်ခြင်း
ကိုယ်တော်တစ်ပါးသာ စိုးစံပါ
အတွင်း၊ အပြင်၊ လုံးစုံ။
Verse 5
ခွန်အားကြီးလက်တော်ဖြင့်လုပ်ဆောင်
အမှုတော်ပြီးမြောက်မည်
အံ့ဖွယ်ရာမည်သူလုပ်ဆောင်နိုင်
အနန္တတန်ခိုးရှင်။
Verse 6
ကျွန်ုပ်စိတ်ထဲ၊ ပြုပြင်လုပ်ဆောင်
ထာဝရအလင်းရောက်
သဏ္ဌာန်တော်၌ စုံလင်လာမည်
ကျွန်ုပ်" ကျေနပ် "အားရ။
Hymn details
Key: C Major
Audio