M238E416KC238MT238

နှိမ့်ချခြင်းဖြင့်လာ၊ ခြေတော်ရင်းသို့လာ

တောင့်တခြင်းများ - အတ္တမှလွတ်မြောက်ခြင်း

21

Verse 1

နှိမ့်ချခြင်းဖြင့်လာ၊ ခြေတော်ရင်းသို့လာ

ရှာဖွေဝိညာဉ်တော်၊ ကရုဏာချိုမြိန်

လိုအပ်ရာ၌ ရောက်လာ၊ ကောင်းချီးပေးပါ

နှိမ့်ချခြင်းဖြင့်လာ၊ ကိုယ်တော်သာလုံးစုံ။

chorus

နှိမ့်ချခြင်းဖြင့်လာ၊ ကားတိုင်တော်သို့

လောကအရာများ၊ အရှုံးထင်မှတ်

ခြေတော်ရင်းလာ၊ ကောင်းချီးပေးပါသခင်

ခရစ်တော်လုံးစုံ၊ နှိမ့်ချကြကုန်။

Verse 2

နှိမ့်ချခြင်းဖြင့်လာ၊ ဆုတောင်းခြင်းပြုရာ

နေ့စဉ်စိတ်အသက်ကို အရှုံးခံကာ

အားနည်း၊ မထိုက်တန်၊ ထက်ရပ်သို့ မျှော်ကြည့်

ဗလာဖြစ်စေကာ၊ မေတ္တာတော်ဖြည့်ပါ။

chorus

နှိမ့်ချခြင်းဖြင့်လာ၊ ကားတိုင်တော်သို့

လောကအရာများ၊ အရှုံးထင်မှတ်

ခြေတော်ရင်းလာ၊ ကောင်းချီးပေးပါသခင်

ခရစ်တော်လုံးစုံ၊ နှိမ့်ချကြကုန်။

Verse 3

နှိမ့်ချခြင်းဖြင့်လာ၊ သို့မှမြင့်တက်လာ

ကိုယ်တော်၌ ချီးမြောက်၊ ချည်နှောင်ခြင်းမှလွတ်

ကားတိုင်တော်နောက်သို့ နှိမ့်ချခြင်းဖြင့်လိုက်

အရှုံးခံခြင်းဖြင့် ဘုန်းသရဖူဆောင်း။

chorus

နှိမ့်ချခြင်းဖြင့်လာ၊ ကားတိုင်တော်သို့

လောကအရာများ၊ အရှုံးထင်မှတ်

ခြေတော်ရင်းလာ၊ ကောင်းချီးပေးပါသခင်

ခရစ်တော်လုံးစုံ၊ နှိမ့်ချကြကုန်။

Hymn details

Key: G Major

Audio