သခင်ရှင်၊ ဖွင့်ပြမူပါ
တောင့်တခြင်းများ - အသွေးအသားကိုသိမြင်ခြင်း
Verse 1
သခင်ရှင်၊ ဖွင့်ပြမူပါ
သွေးသားကို သိမြင်လာမည်
ကျေးဇူးတော်လုပ်ဆောင်မူပါ
မြေမှုန့်ဖြစ်၊ ဒူးထောက်ပါ၏
အောင်မြင်ခြင်း တောင့်တပါ၏
ကျွန်ုပ်သည် အလွန်အားနည်း
ဆိုးညစ်ရာ မစွန့်နိုင်သေး
ကောင်းမြတ်ရာ မလုပ်ဆောင်နိုင်။
Verse 2
အတွင်းပိုင်း သခင်ကိုရှာ
အကျင့်ဆိုး မုန်းတီးပါ၏
ပြောင်းလဲလိုလည်း မပြောင်းလဲ
အိုကျွန်ုပ် ချည်နှောင်ခံရ
နှုတ်တော်ဖြင့် အပြစ်မြင်လာ
ပြစ်တရား ချည်နှောင်ရာမှ
လွတ်မြောက်ရန် ရုန်းကန်နေလည်း
လွတ်မြောက်ရာ လမ်းမမြင်နိုင်။
Verse 3
အကြိမ်ကြိမ် ကျဆင်း၊ ပြန်ထ
စိတ်ဆုံးဖြတ်၊ ကျရှုံးနေမြဲ
အောင်မြင်ခြင်း တောင့်တသော်လည်း
ဝမ်းနည်းလျက်၊ ကျရှုံးနေဆဲ
အပြစ်၏ ကျေးကျွန်ကျွန်ုပ်
ခွန်အားများ အလျှင်းမရှိ
သွေးသား၌ ကောင်းရာမရှိ
မှောင်မိုက်နှင့် အပြစ်ပြည့်နေ။
Verse 4
ခုကျွန်ုပ် ဖြစ်ခြင်းသိမြင်
ကူညီမဲ့၊ ဝန်ချတောင်းပန်
ဇာတိစိတ် အသုံးမရ
သက်တာလုံး ယိုယွင်းကျဆင်း
အတ္တကို ကိုးစားမရ
သွေးသားကို ယုံစားမရ
ကိုးစားရာ၊ မျှော်လင့်ရာမှာ
ဘုရင်ယေရှုခရစ်တော်။
Verse 5
ကားတိုင်ပေါ် သေစေမူပါ
ကိုယ်တော်ပေါ် မှီခိုလာမည်
သန့်ရှင်းဝိညာဉ်တော်ဖြည့်ပါ
ကိုယ်တော်ကို ယူဆောင်လာမည်
သေခံခြင်း တန်ခိုးပြုပြင်
နေ့စဉ်တိုင်း နက်နဲလုပ်ဆောင်
အတ္တသည် အဆုံးသတ်မည်
ကျွန်ုပ်ဖြင့် သက်တော်စီးမည်။
Verse 6
ခါးသည်းလှ၊ ကျွန်ုပ်အဖြစ်
ကျွန်ဘဝ၊ မည်သို့လွတ်နိုင်
သေခြင်းမှ မည်သူကယ်နိုင်
အောင်မြင်ခြင်း အသက်တာသို့
ကျွန်ုပ်တွက် ယေရှုသွေးသွန်း
သန့်ရှင်းခြင်း ယေရှုဖြစ်၏
အသက်တော် လက်ခံရရှိ
တိုင်းဆမဲ့ကျွန်ုပ်ဝေစု။
Verse 7
ခုကျွန်ုပ် သန့်ရှင်းစင်ကြယ်
အတ္တကင်း၊ နှုတ်တော်နာခံ
မျက်မှောက်တော်သို့ တိုးဝင်စဉ်
ရှက်ကြောက်ခြင်း မရှိတော့ပြီ
အသက်တော် သာလွန်တက်ကြွ
ကျေးဇူးတော်ယုံကြည်ခြင်းပေး
ချီးမွမ်းမည်၊ ခေါ်သံကြားပြီ
လွတ်မြောက်ခြင်း ကျွန်ုပ်ရရှိ။
Hymn details
Key: D Major
Audio