M232E403KC232MT232

ကျွန်ုပ်ဖြင့် ကိုယ်တော်သက်ရှင်ပါ

တောင့်တခြင်းများ - ခရစ်တော် ထင်ရှားရန်

21

Verse 1

ကျွန်ုပ်ဖြင့် ကိုယ်တော်သက်ရှင်ပါ

ကိုယ်တော်သည် ကျွန်ုပ်အသက်

ပြဿနာများ၏အဖြေဖြစ်

ကိုယ်တော်ကို ကျွန်ုပ်ယူဆောင်။

ကျွန်ုပ်ဖြင့် သက်ရှင်ပါယေရှု

ခပ်သိမ်း၌ အလိုတော်ပြည့်

ထွင်းဖောက်မြင်အသုံးခံဖြစ်ကာ

သားတော်ကို ကျွန်ုပ်ထင်ရှား။

Verse 2

ဗိမာန်တော်ဖြစ်ရန် ဆက်ကပ်ရာ

စွန်းထင်းပြစ်ဖယ်ရှားပေးပါ

အတွင်းမှ ကိုယ်တော်ဘုန်းမီးလျှံ

ယခုထင်ရှားထွက်ပေါ်လာ။

ခန္ဓာကို လိုလားစွာပေးအပ်

နာခံကျွန်အဖြစ် ဆက်ကပ်

ကိုယ်တော်ဖြင့် ခွန်အားတိုးပွားရ

မြေကြီးသည် ငေးမောကြည့်စေ။

Verse 3

အချိန်တိုင်း၊ အင်္ဂါတိုင်း ခါးစည်း

မိန့်တော်မူခြင်းကို စောင့်နေ

ထမ်းပိုးအောက်၌ ကြိုးစားအားထုတ်

စီမံကိန်းဖယ်ရှားမခံ။

နောက်တော်လိုက်ရာ ကန့်သတ်ခြင်းခံ

တုန်လှုပ်ခြင်းအလျှင်းမရှိ

သစ္စာတော်၏ဆက်ဆံခြင်းခံ

ညည်းတွားကင်း၊ အစဉ်ဝန်ခံ။

Verse 4

ကြင်နာခြင်း၊ ငြိမ်သက်၊ နားခိုခြင်း

ယိမ်းယိုင်ခြင်းဖယ်ရှားအဝေး

လက်ညိုးတော် လမ်းညွှန်ရာအတိုင်း

လွတ်လပ်စွာကျွန်ုပ်ရွေးချယ်

ကျွန်ုပ်ဖြင့် သက်ရှင်ပါယေရှု

ကိုယ်တော်သည် ကျွန်ုပ်အသက်

ပြဿနာများ၏အဖြေဖြစ်

ကိုယ်တော်ကို လုံးလုံးယူဆောင်။

Hymn details

Key: D Major

Audio