M231E398KC231MT231

ရွေးနုတ်ခြင်းအရှင် ကိုယ်တော်နှင့်တူဖို့

တောင့်တခြင်းများ - ခရစ်တောနှင့် သဏ္ဌာန်တူရန်

21

Verse 1

ရွေးနုတ်ခြင်းအရှင် ကိုယ်တော်နှင့်တူဖို့

တောင့်တခြင်းနှင့်ဆုတောင်းခြင်းပြုရာ

ဝမ်းမြောက်စွာမြေကြီးအရာစွန့်လွှတ်ကာ

ယေရှုစုံလင်သဏ္ဌာန်ဝတ်ဆင်မည်။

chorus

ကိုယ်တော်နှင့်တူဖို့ ကိုယ်တော်နှင့်တူဖို့

ကိုယ်တော့်စင်ကြယ်သည့်တိုင်းရွေးနှုတ်ပေး

ကိုယ်တော်၏ပြည့်ဝ ချိုသာဝင်ရောက်ပါ

ကိုယ်တော်သဏ္ဌာန် တံဆိပ်ခတ်မူပါ။

Verse 2

ကိုယ်တော်နှင့်တူဖို့၊ ကြင်နာခြင်းပြည့်ကာ

ချစ်ခြင်း၊ ခွင့်လွှတ်ခြင်း၊ သနားညှာတာ

ကူညီမစပေး၊ ဝမ်းမြောက်ရွင်လန်းစေ

ပြစ်သားများကို တွေ့ဖို့ရှာဖွေနေ။

chorus

ကိုယ်တော်နှင့်တူဖို့ ကိုယ်တော်နှင့်တူဖို့

ကိုယ်တော့်စင်ကြယ်သည့်တိုင်းရွေးနှုတ်ပေး

ကိုယ်တော်၏ပြည့်ဝ ချိုသာဝင်ရောက်ပါ

ကိုယ်တော်သဏ္ဌာန် တံဆိပ်ခတ်မူပါ။

Verse 3

ကိုယ်တော်နှင့်တူဖို့၊ ဝိညာဉ်၌နှိမ့်ချ

ရဲရင့်သည်းခံ သန့်ရှင်း၍ဘေးကင်း

ပြစ်တင်ကဲ့ရဲ့ခြင်း နူးညံ့စွာသည်းခံ

ကယ်တင်ဖို့ရာ ဝေဒနာခံရှာ။

chorus

ကိုယ်တော်နှင့်တူဖို့ ကိုယ်တော်နှင့်တူဖို့

ကိုယ်တော့်စင်ကြယ်သည့်တိုင်းရွေးနှုတ်ပေး

ကိုယ်တော်၏ပြည့်ဝ ချိုသာဝင်ရောက်ပါ

ကိုယ်တော်သဏ္ဌာန် တံဆိပ်ခတ်မူပါ။

Verse 4

ကိုယ်တော်နှင့်တူဖို့၊ ကျွန်ုပ်လှမ်းလာပြီ

ယခုဘိသိက်ပေးခြင်းကို ခံယူ

ကျွန်ုပ်ဖြစ်ခြင်းနှင့် ရှိသမျှဆောင်လာ

ကိုယ်တော်တွက်သာ အရာအားလုံးပါ။

chorus

ကိုယ်တော်နှင့်တူဖို့ ကိုယ်တော်နှင့်တူဖို့

ကိုယ်တော့်စင်ကြယ်သည့်တိုင်းရွေးနှုတ်ပေး

ကိုယ်တော်၏ပြည့်ဝ ချိုသာဝင်ရောက်ပါ

ကိုယ်တော်သဏ္ဌာန် တံဆိပ်ခတ်မူပါ။

Verse 5

ကိုယ်တော်နှင့်တူဖို့၊ လျှောက်လဲတောင်းပန်ရာ

ဝိညာဉ်တော်သွန်းကာ မေတ္တာဖြည့်ပါ

ကိုယ်တော်ကိန်းရာ ဗိမာန်တော်ဖြစ်စေပါ

ကိုယ်တော်နှစ်သက်ရာ စစ်မှန်သက်တာ။

chorus

ကိုယ်တော်နှင့်တူဖို့ ကိုယ်တော်နှင့်တူဖို့

ကိုယ်တော့်စင်ကြယ်သည့်တိုင်းရွေးနှုတ်ပေး

ကိုယ်တော်၏ပြည့်ဝ ချိုသာဝင်ရောက်ပါ

ကိုယ်တော်သဏ္ဌာန် တံဆိပ်ခတ်မူပါ။

Hymn details

Key: C Major

Audio