M230E397KC230MT230

ပို၍သန့်ရှင်းစေပါ

တောင့်တခြင်းများ - ခရစ်တော်၌ ကြီးထွားခြင်း

21

Verse 1

ပို၍သန့်ရှင်းစေပါ

ပို၍ချိုမြိန်စေ

ပို၍သည်းခံစေပါ

ပို၍ပြစ်ဝမ်းနည်း

ပို၍ယုံကြည်စေပါ

ပို၍ဂရုစိုက်

ပို၍မှုတော်ဝမ်းမြောက်

ပို၍ဆုတောင်းစေ။

chorus

ကယ်တင်ရှင်ကြွ၊ ကူမပါ

သက်သာ၊ အားပေး၊ စောင့်ထိန်းပါ

အချိန်တိုင်း၌ ကယ်တင်ပါ

ယခုပင်ကယ်တင်ပါ။

Verse 2

ပို၍ကျေးဇူးပြုပါ

ပို၍ကိုးစားစေ

ပို၍ဘုန်းတော်ရှာဖွေ

ပို၍နှုတ်တော်မျှော်

ပို၍ငိုကြွေးစေပါ

ပို၍နာကျင်စေ

ပို၍နူးညံ့စေပါ

ပို၍ချီးမွမ်းစေ။

chorus

ကယ်တင်ရှင်ကြွ၊ ကူမပါ

သက်သာ၊ အားပေး၊ စောင့်ထိန်းပါ

အချိန်တိုင်း၌ ကယ်တင်ပါ

ယခုပင်ကယ်တင်ပါ။

Verse 3

ပို၍အောင်မြင်စေပါ

ပို၍ခွန်အားပေး

ပို၍လွတ်မြောက်စေပါ

ပို၍ပလ္လင်ရောက်

ပို၍နိုင်ငံတော်တွက်

ပို၍အသုံးခံ

ပို၍ကောင်းချီး၊ သန့်ရှင်း

ပို၍ကိုယ်တော်နှင့်တူ။

chorus

ကယ်တင်ရှင်ကြွ၊ ကူမပါ

သက်သာ၊ အားပေး၊ စောင့်ထိန်းပါ

အချိန်တိုင်း၌ ကယ်တင်ပါ

ယခုပင်ကယ်တင်ပါ။

Hymn details

Key: G Major

Audio