အားနည်း၊ ကူညီမဲ့၊ လက်တော်ဖြင့် ကိုင်စွဲထား
တောင့်တခြင်းများ - ခရစ်တော်နှင့်နီးကပ်စွာလျှောက်လှမ်းခြင်း
21
Verse 1
အားနည်း၊ ကူညီမဲ့၊ လက်တော်ဖြင့် ကိုင်စွဲထား
ကိုယ်တော်မပါလျှင်၊ ခြေလှမ်းမလှမ်းဝံ့
ချစ်သောကယ်တင်ရှင်၊ လက်တော်ဖြင့် ကိုင်စွဲထား
ကျွန်ုပ်စိတ်၌ ဖျားနာခြင်းကြောက်ရွံ့ကင်း။
Verse 2
ထံတော်သို့နီးစေ၊ လက်တော်ဖြင့် ကိုင်စွဲထား
ချစ်သခင်သာလျှင်၊ မျှော်လင့်၊ ဝမ်းမြောက်ခြင်း
မှောင်မိုက်ထဲရှိခဲ့၊ လက်တော်ဖြင့် ကိုင်စွဲထား
ကိုယ်တော်ဆုံးရှုံးလျှင်၊ တုန်လှုပ်ကျဆင်းမည်။
Verse 3
လမ်းခရီးမှောင်မိုက်၊ လက်တော်ဖြင့် ကိုင်စွဲထား
မျက်နှာတော်ရောင်ခြည်၊ ဘုန်းထွန်းလင်းခြင်းကင်း
ယုံကြည်ခြင်းအားဖြင့် နေမင်းဘုန်းရောင်ခြည်မြင်
ဝမ်းမြောက်ခြင်းမြင့်မား၊ အံ့ဖွယ်ချီဆောင်ခြင်း။
Hymn details
Key: G Major
Audio