ခေါ်တော်မူသံကို ကျွန်ုပ်ကြားရပြီ
တောင့်တခြင်းများ - ခရစ်တော်နှင့်နီးကပ်စွာလျှောက်လှမ်းခြင်း
Verse 1
ခေါ်တော်မူသံကို ကျွန်ုပ်ကြားရပြီ
ကိုယ်တော်ချစ်ကြောင်းကို သိသည်
ယုံကြည်ခြင်းဖြင့် ကိုယ်တော်မြတ်ထံ ပျံတက်
ခြေတော်ရင်းမှာနေလိုသည်။
chorus
ကိုယ်တော်သေခံ ကားတိုင်တော်နားသို့
ကျွန်ုပ်သာ၍ နီးစေပါ
သာ၍နီးစေ၊ နီးစေ၊ နီးစေတော်မူလို
နီးစေပါ ကိုယ်တော်အပါး။
Verse 2
ကိုယ်တော်မှုဆောင်ရန် ခွဲခန့်မှတ်သားပါ
ထူးဆန်းမေတ္တာတန်ခိုးဖြင့်
ကျွန်ုပ်၏ဝိညာဉ်မျှော်လင့်မြဲမြံစေ
လိုရာ ကိုယ်တော်၌ ရှာချင်။
chorus
ကိုယ်တော်သေခံ ကားတိုင်တော်နားသို့
ကျွန်ုပ်သာ၍ နီးစေပါ
သာ၍နီးစေ၊ နီးစေ၊ နီးစေတော်မူလို
နီးစေပါ ကိုယ်တော်အပါး။
Verse 3
ကိုယ်တော်မြတ်ရှေ့တွင် ဆုတောင်းရခြင်းခွင့်
ပလ္လင်တော်နား ချဉ်းကပ်ရာ
မိတ်ဆွေချင်းကဲ့သို့ တောင်းပန်ပြောဆိုခြင်း
ထူးလျှင် ကျွန်ုပ်နှစ်သက်လှ။
chorus
ကိုယ်တော်သေခံ ကားတိုင်တော်နားသို့
ကျွန်ုပ်သာ၍ နီးစေပါ
သာ၍နီးစေ၊ နီးစေ၊ နီးစေတော်မူလို
နီးစေပါ ကိုယ်တော်အပါး။
Verse 4
နက်နဲလှချစ်ခြင်း ကျွန်ုပ်သိနိုင်မည်
မျက်နှာတော်ကို မြင်ပြီးမှ
မြင့်လှသောဝမ်းမြောက်ခြင်း ကျွန်ုပ်မှီမည်
ကိုယ်တော်နှင့် ငြိမ်သက်နားခို။
chorus
ကိုယ်တော်သေခံ ကားတိုင်တော်နားသို့
ကျွန်ုပ်သာ၍ နီးစေပါ
သာ၍နီးစေ၊ နီးစေ၊ နီးစေတော်မူလို
နီးစေပါ ကိုယ်တော်အပါး။
Hymn details
Key: G Major
Audio