M224E389KC224MT224

ကိုယ်တော်၏မျက်မှောက်၌ သက်ရှင်ရန်တောင့်တ

တောင့်တခြင်းများ - ခရစ်တော်နှင့်နီးကပ်စွာလျှောက်လှမ်းခြင်း

21

Verse 1

ကိုယ်တော်၏မျက်မှောက်၌ သက်ရှင်ရန်တောင့်တ

နံနက်မှည ကိုယ်တော်သာကျွန်ုပ်ကမ္ဘာ

ကိုယ်တော်ကို ချစ်ခြင်း၊ ရှာဖွေခြင်းပြုရာ၌

ကျေနပ်ရပ်နားသွားခြင်းမရှိပါစေနှင့်

ချိန်တိုင်း၊ နေ့တိုင်း နာကျင်ခြင်းသာခံစားရ

လောကသည် နှစ်သိမ့်ရွှင်လန်းခြင်းမပေးနိုင်

သက်ပျင်းချခြင်း၊ ငိုကြွေးခြင်းများ ရစ်ပတ်ထား

ကျွန်ုပ်၏မျက်ရည်များ ကိုယ်တော်စဉ်သုတ်ပေး။

Verse 2

အသက်၏ကောင်းမြတ်ခြင်းကို အိမ်မက်စဉ်ခါ

ချစ်သခင်သာအသက်ဖြစ်ရန် ဆုတောင်းရာ

ကိုယ်တော်မှတစ်ပါး အခြားပျော်ပါးရာများ

ရွေးချယ်ခြင်းအမှုကို ခွင့်မပြုပါနှင့်

ကျွန်ုပ်တစ်ဦးတည်း လဲလျောင်းရာညစဉ်များ

သခင်ယေရှုနှင့်နီးစပ်ဖို့ ဆုတောင်းရာ

အာရုဏ်မလာခင်အိပ်ရာ၌ရှိစဉ်ပင်

ဖြည်းညင်းသောခေါ်သံလာ ကျွန်ုပ်နားစွင့်ပြီ။

Verse 3

သန့်ရှင်းသောနှုတ်ကပတ်တော်ကို ဖတ်ရှုချိန်

နှုတ်တော်တိုင်းထွန်းလင်းရန် ကျွန်ုပ်ဆုတောင်းရာ

ကျွန်ုပ်၌ရှိကယ်တင်ရှင်ကို ရှင်းလင်းမြင်

ကြီးမားသောကယ်တင်ခြင်းအမှုကိုယ်တော်ပြု

ကူညီမဲ့စဉ် ပလ္လင်တော်ရှေ့ ဒူးထောက်ရာ

ဆုတောင်းသံကို ကျေးဇူးတော်ဖြင့် နားညောင်းပါ

အားနည်းသောဆုတောင်းသံ ကိုယ်တော်မကြားသော်

မျက်နှာတော်လွဲသွားခြင်း မရှိပါစေနှင့်။

Verse 4

ကောင်းကင်ဆိုင်ရာကောင်းချီးများ စဉ်းစားချိန်တိုင်း

ကိုယ်တော်ထံချီဆောင်ခံရန် ကျွန်ုပ်တောင့်တ

ကျွန်ုပ်မျှော်လင့်ရာ ကိုယ်တော်ပြန်ကြွလာမှာ

ကိုယ်တော်ရှေ့မှောက်တော်သာ ကျွန်ုပ်ဝမ်းမြောက်ရာ။

မျက်မှောက်တော်၌ သက်ရှင်ရန်သွန်သင်မူပါ

နံနက်မှည ကိုယ်တော်သာကျွန်ုပ်ကမ္ဘာ

ကိုယ်တော်ကို ချစ်ခြင်း၊ ရှာဖွေခြင်းပြုရာ၌

ကျေနပ်ရပ်နားသွားခြင်းမရှိပါစေနှင့်။

Hymn details

Key: D Major

Audio