M221E384KC221MT221

ယေရှု၊ ကိုယ်တော်အလို

တောင့်တခြင်းများ - ခရစ်တောကို နာခံခြင်း

21

Verse 1

ယေရှု၊ ကိုယ်တော်အလို

ကျွန်ုပ်အလိုဖြစ်စေ

ချစ်ခြင်းလက်တော်ထဲသို့၊

ကျွန်ုပ်ကိုယ်ကိုအပ်ပေး

ဝမ်းနည်း၊ ဝမ်းမြောက်စဉ်ခါ၊

ကျွန်ုပ်ကိုလမ်းပြပါ

ကိုယ်တော်အလိုတော်သာ

ဖြစ်စေ ဆိုနိုင်စေပါ။

Verse 2

ယေရှု ကိုယ်တော်အလို

ငိုလျက်ဝန်ခံရလျှင်

ကျွန်ုပ်မျှော်လင့်ကြယ်သည်

မှိန်၍မကွယ်စေနှင့်

ကိုယ်တော်မြေပေါ်ငိုကြွေး၊

တစ်ယောက်တည်းဝမ်းနည်းပေ

ကျွန်ုပ်ငိုကြွေးရလျှင်၊

အလိုတော်ဖြစ်စေချင်။

Verse 3

ယေရှု၊ ကိုယ်တော်အလို

ကျွန်ုပ်ဖို့ကောင်းလှ၏

နောက်နောင်ဖြစ်လေသမျှ

ကိုယ်တော်ကို ယုံပါမည်

ထက်မှ ငြိမ်သက်ခြင်းသို့

ကျွန်ုပ်သည် ရောက်သွားလျှင်

သေခြင်း၊ ရှင်ခြင်း ချီးမွမ်း

ကိုယ်တော်အလိုဖြစ်စေ။

Hymn details

Key: D Major

Audio