သန့်ရှင်းခမည်းတော်ကို လေးမြတ်
ခမည်းတော်ကို ကိုးကွယ်ခြင်း - သန့်ရှင်းခြင်း
Verse 1
သန့်ရှင်းခမည်းတော်ကို လေးမြတ်
ရိုသေမြတ်နိုး သီချင်းဆို
ကိုယ်တော်သည် သန့်ရှင်း၊ မြင့်မြတ်ရှင်
နာမတော် သန့်ရှင်းခြင်းမည်။
Verse 2
အဖနှလုံးတော်သည် မေတ္တာ
ကိုယ်တော့်လမ်းတော်ဖြောင့်မတ်ခြင်း
ကိုယ်တော့်သဘော မည်မျှသန့်ရှင်း
ကျွန်ုပ်ထံ ခရစ်တော်ဆောင်။
Verse 3
ခရစ်တော်၏ အသွေးတော်ဖြင့်
ကျွန်ုပ်တို့အား သန့်စင်ပေး
ကိုယ်တော်၏နှုတ်ကပတ်တော်ဖြင့်
ပြစ်သားများနှင့် ခြားနားပေး။
Verse 4
သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်
ကျွန်ုပ်တို့ကို သန့်ရှင်းစေ
ကျွန်ုပ်တို့ဝိညာဉ်၊ စိတ်၊ ခန္ဓာ
လုံးလုံးစင်ကြယ်စေမူပြီ။
Verse 5
အို၊ ယေရှု၏သန့်ရှင်းသက်တာ
ကျေးဇူးတော်ဖြင့် ပိုင်ဆိုင်ရ
ကိုယ်တော်ကိုယ်တိုင်၏သန့်ရှင်းခြင်း
ကျွန်ုပ်တို့အား ဆက်ဆံစေ။
Verse 6
သန့်ရှင်းသောမြို့တော်သစ်အတွင်း
သန့်ရှင်းခြင်းပြည့်ဝဆက်ဆံ
အဆုံးစွန် ထာဝရတိုင်အောင်
'' ကိုယ်တော့်သန့်ရှင်းခြင်း '' ကြွေးကြော်။
Hymn details
စာသား: Witness Lee
သံစဉ်: John Bacchus Dykes
Meter: 8.7.8.7.
Key: C Major
Time: 4/4
Audio